တစ်ဦး သေဆုံးသွားခဲ့ပါတယ်။
Ei Ei Mar

ပဲခူးအကျဉ်းထောင်မှ အကျဉ်းသား ၅၆ ဦးတွင် ကိုဗစ် ၁၉ ရောဂါပိုးတွ့ရှိရသောကြောင့် ပဲခူးအကျဉ်း ထောင်အတွင်းမှ အကျဉ်းသား ၁၆၀ ကျော်ကို ထောင်ပြောင်းရွှေ့ခဲ့တယ်လို့သိရပါတယ်။

ထောင်အတွင်းမှ ပိုးတွေ့လူနာ ၅၆ ဦးထဲက တစ်ဦးက ဇန်နဝါရီ ၁ ရက်နေ့မှာပဲ သေဆုံးသွားပြီဖြစ်ကြောင်း၊ သေဆုံးသူဟာ အသက် ၂၂ နှစ်အရွယ် အမျိုးသား ဖြစ်တယ် လို့သိရပါတယ်။ 

"ထောင်ပြောင်းတာဟုတ်တယ်။ ထောင်က လူ ၇၀၀လောက်ရှိတယ်ဆိုတော့ လူကလည်း ကြပ်တယ်။ ဒါကြောင့်ရွှေ့လိုက်တယ်။ ရွှေ့လိုက်တဲ့အတွက် ကျန်တဲ့သူတွေကခပ်ကြဲကြဲဖြစ်သွားမယ်။ ကျန်တဲ့သူတွေလည်း ကိုဗစ်နဲ့ပတ်သက်ပြီး စိုးရိမ်စရာမရှိတော့ဘူး"လို့ ပဲခူးအကျဉ်းထောင် မှတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ 

ဇန်နဝါရီလ ၁ ရက်နေ့ မနက်ပိုင်းမှာ ပဲခူးအကျဉ်းထောင်ထဲကမမှုရင်ဆိုင်နေတဲ့ အချုပ်သားတစ်ဦးဟာ ကျန်းမာရေးမကောင်းသဖြင့် ပဲခူးဆေးရုံကြီးကို တက်ရောက်ဆေးကုသမှုခံယူရင်း သေဆုံးသွားခဲ့ကြောင်း၊ အဲ့ဒီ လူကိုစစ်ဆေးမှုအရ ကိုဗစ်ပိုးတွေ့ ရှိခဲ့ရတာကြောင့် အကျဉ်းသားတွေကို ဆက်လက်စစ်ဆေးခဲ့ရာမှ အကျဉ်းသား ၅၅ ဦးမှာလည်း ပိုးကူးစက်ခံထားရတာကိုသိရှိခဲ့ရတာဖြစ်ပါတယ်။

ဒါကြောင့် ကိုဗစ်ကူးစက်မှုကို ထိန်းချုပ် ကာကွယ်ဖို့အတွက်ပဲခူးအကျဉ်းထောင် ကနေ အကျဉ်းသား ၁၆၀ ကျော်ကို လုံခြုံရေး အင်းအားအပြည်နဲ့ ဒိုက်ဥိး အကျဉ်းထောင်ဆီ ရွှေ့ပြောင်းပို့ဆောင်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။

ဓာတ်ပုံ - TWN

"ကျန်းမာရေးက ခုညမှထုတ်တာပေါ့။ ဒေသခံတွေကတော့ မနေ့ကညတည်းက သတင်းကကြားနေရပြီးသား၊ ဆိုင်ရာဆိုင်ရာကိုစုံစမ်းတော့လည်း မှန်တယ်ဆိုတာ သိရတယ်။ ညကတည်းက အချုပ်သားတွေကို ကားတွေနဲ့ရွှေတာတွေ့တယ်"လို့ ပဲခူးဒေသခံဖြစ်သူ ကိုနိုင်ကပြောပြပါတယ်။

ပဲခူးမြို့နယ် မှာ ဇန်နဝါရီလ ၁ရက်နေ့နဲ့ ၂ ရက်နေ့အတွင်း ပိုးတွေ့လူနာ ၁၁၈ ဦးရှိကြောင်း၊အဲ့ဒီထဲမှာ အကျဉ်းထောင်ကပိုးတွေ့လူနာ ၅၆ ဦး ပါဝင်တယ်လို့ ပဲခူးမြို့ နယ် ကျန်းမာ ရေးဦးစီးဌာန သတင်းထုတ်ပြန်ထားပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ပဲခူးခရိုင် ကျန်းမာရေးဦးစီးဌာနကို ဖုန်းဖြင့်ဆက်သွယ်ခဲ့ပေမယ့် လတ်တလောမှာ ဖြေဆိုပေးဖို့ မအားသေးကြောင်း ပြောပါတယ်။

အလွတ်တန်းသတင်းထောက် ချစ်ခွန်းချို ပေးပို့သော သတင်းဖြစ်ပါသည်။


ဆက်စပ်အကြောင်းအရာများ


Author


က္က