လက်ရှိ အလုပ်ရုံအက်ဥပဒေနဲ့ တရားစွဲဆိုထားတာပါ။

ဒဂုံဆိပ်ကမ်းမြို့နယ်က လိုတရ ပေါက်စီစက်ရုံလုပ်ငန်းပိုင်ရှင်ဇနီးမောင်နှံနှစ်ဦးကို လက်ရှိတရားစွဲဆိုတဲ့ ထားတဲ့ ပုဒ်မအပြင် နောက်ထပ် ပုဒ်မနှစ်ခုနဲ့ပါ ထပ်မံတရားစွဲဆိုမယ်လို့ သိရပါတယ်။ 

လက်ရှိတရားစွဲဆိုထားတာက အမှုက အလုပ်ရုံအက်ဥပဒေပုဒ်မ (၈၅)နဲ့ တရားစွဲဆိုထားတာဖြစ်ပြီး အများဆုံးထောင်ဒဏ်သုံးလပြစ်ဒဏ်ချမှတ်နိုင်တယ်လို့သိရပါတယ်။ ထပ်မံတရားစွဲဆိုမယ့်ပုဒ်မတွေကတော့ အလုပ်သမားတွေရဲ့ အခွင့်အရေးဆိုင်ရာဥပဒေတွေနဲ့ဖြစ်ပြီး စစ်ဆေးမှုတွေဆက်လုပ်သွားမယ်လို့ ရွှေ့ပြောင်းအလုပ်သမားဌာနမှ လက်ထောက်ဌာနမှူးကိုဟိန်းလတ်က Duwun ကိုပြောပါတယ်။ 



“ အခုစွဲထားတာက အလုပ်ရုံအက်ဥပဒေ (၈၅)နဲ့ တရားစွဲထားတာဖြစ်တယ်။ ဒီပုဒ်မက အလုပ်သမားဝန်ကြီးဌာနကနေပြီး ဦးဆောင်တရားစွဲထားတာပါ။ ကျွန်တော်တို့ကိုယ်တိုင်လည်း သက်သေတည်ပါတယ်။ ဒီပုဒ်မအရဆိုရင်တော့ ထောင်ဒဏ်သုံးလလောက်ပဲရှိတယ်။ဒါပေမယ့် တခြားဥပဒေတွေနဲ့လည်း လိုအပ်သလိုထပ်ပြီး လုပ်ဖို့ ပြင်ဆင်နေတာတွေရှိပါတယ်” လို့ ကိုဟိန်းလတ်ကက ပြောပါတယ်။ 

အလုပ်ရုံအက်ဥပဒေပုဒ်မ (၈၅)နဲ့ တရားစွဲဆိုထားတဲ့အမှုကိုတော့ ဒီကနေ့ ပထမဆုံးရုံးချိန်မှာစစ်ဆေး ချိန်းဆိုခဲ့ပေမယ့် တရားခံတွေဘက်ကလာရောက်ခဲ့ခြင်းမရှိဘူးလို့လည်းသိရပါတယ်။ အလုပ်သမားတွေကို ညှင်းပန်းနှိပ်စက်မှုနဲ့ တရားဆွဲဆိုထားတဲ့ လိုတရပေါက်စီနဲ့ပေါင်မုန့်လုပ်ငန်းပိုင်ရှင်ဇနီးမောင်နှံနှစ်ဦးကို  စတင်ဖမ်းဆီးတဲ့ နေ့ကတည်းက အာမခံနဲ့ ပြန်လည်လွှတ်ပေးထားတာလည်းဖြစ်တယ်လို့ဆိုပါတယ်။ 

ဒီကနေ့မှာတော့ တရားခံတွေဘက်က ရုံးချိန်းပျက်ကွက်ခဲ့တဲ့အတွက် နောက်ထပ်ရုံးချိန်းကို ဇန်နဝါရ်ီလ (၁၂)ရက်နေ့ကို ပြန်လည်ချိန်းဆိုခဲ့ပြီး နောက်ရုံးချိန်းတွေမှာ ထပ်မံပျက်ကွက်ခဲ့ရင်တော့ တရားလိုတွေဘက်က ဥပဒေနဲ့ အညီဆက်လက်လုပ်ဆောင်သွားမယ်လို့ဆိုပါတယ်။

ဒဂုံဆိပ်ကမ်းမြို့နယ်က ပေါက်စီစက်ရုံလုပ်ငန်းပိုင်ရှင်ဇနီးမောင်နှံ နှစ်ဦးက အသက်မပြည့်သူတွေကို အလုပ်သမားအဖြစ်စေခိုင်းခြင်းအပါအဝင် အလုပ်သမားတွေကို ညှင်းပန်းနှိပ်စက်မှုနဲ့ တရားစွဲဆိုခံထားရတာပါ။ လက်ရှိမှာ စက်ရုံကို ပိတ်သိမ်းတဲ့အထိ အရေးယူထားပြီး စက်ရုံပိုင်ရှင်တွေကတော့ အမှုဆက်လက်ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က