ဆိုင်ကိုယာယီ (၁)ပတ်ပိတ်သိမ်းသွားမှာပါ။

ကိုဗစ်ကြောင့် အချိန် (၃)လကျော်ကြာ (၄)လနီးပါးပိတ်ထားခဲ့ရတဲ့ မင်္ဂလာတောင်ညွန့်မြို့နယ်က ယုဇနပလာကို ဒီကနေ့မှာ ကိုဗစ်စည်းကမ်းတွေနဲ့အညီ ပြန်လည်ဖွင့်လှစ်ခဲ့ပါတယ်။ 

ကိုဗစ်ကာလဖြစ်တဲ့အတွက် ကိုဗစ်စည်းမျဉ်းတွေနဲ့အညီ ပြန်လည်ဖွင့်လှစ်ခဲ့ရာမှာ ပလာဇာအတွင်းက ဆိုင်ရှင်တွေအနေနဲ့ကတော့ မဖြစ်မနေကိုဗစ်စည်းတွေကို လိုက်နာဆောင်ရွက်ကြဖို့လိုတယ်လို့ ဈေးတာဝန်ရှိသူတစ်ဦးကပြောပါတယ်။ လိုက်နာမှုတွေမရှိပါကလည်း ဆိုင်ကိုယာယီပိတ်သိမ်းတဲ့အထိ အရေးယူဆောင်ရွက်သွားမှာဖြစ်တယ်လို့ ယုဇနပလာဇာအုပ်ချုပ်ရေးမှူး ဦးမင်းမင်းစိုးက Duwun ကိုပြောပါတယ်။



“ ကျွန်တော်တို့ စည်းကမ်းချက်ကတော့ မဖြစ်မနေ mask တပ်ပြီး ရောင်းကြရမယ်။ ဒါကိုတိတိကျကျလုပ်ရမယ်ပေါ့နော်။ ကျွန်တော်တို့ ဘက်ကလည်းကြီးကြပ်ရေးအဖွဲ့တွေဖွဲ့ပြီး လိုက်စစ်မယ်။ ပထမကတော့ အသိပေးမယ်၊ ပြောမယ်။ အဲလိုမှမဟုတ်ရင် ရုံးခေါ်လာပြီးနားအောင်ပြောမယ်။ အဲဒါမှမလိုက်နာရင် သူတို့ဆိုင်ကို ပိတ်ရမယ်။ (၇)ရက်ယာယီပိတ်သိမ်းတာမျိုးလုပ်မှာပါ”လို့ဦးမင်းမင်းစိုးက ပြောပါတယ်။

ကိုဗစ်ကာလဖြစ်တဲ့အတွက် ပလာဇာအတွင်းမှာ ဝင်ပေါက် (၅)သာဖွင့်လှစ်ပေးထားတာပါ။ ပလာဇာမှာက စုစုပေါင်း ဝင်ပေါက် (၂၈)ပေါက်ရှိရာမှာ Social Distancing အရ (၅)ပေါက်သာဖွင့်လှစ်ပေးထားတာဖြစ်ပါတယ်။ လက်ရှိမှာ ယုဇနပလာဇာကို ကိုဗစ်စည်းကမ်းတွေနဲ့အညီ ပြန်လည်ဖွင့်လှစ်ခဲ့ပြီးနောက်မှာတော့ ကျန်ရှိနေတဲ့ဈေးကြီးတွေဖြစ်တဲ့ မင်္ဂလာဈေး၊ မင်္ဂလာမွန်ဈေး၊ ရွှေမင်္ဂလာဈေးနဲ့ မင်္ဂလာဈေးသစ်တို့ကိုလည်း ပြန်လည်ဖွင့်လှစ်နိုင်ရန်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က