ဖွင့်လှစ်မယ့်ရက်ကိုတော့ အတိအကျညွှန်ကြားထားခြင်းမရှိသေးပါဘူး။

ကိုဗစ်ကူးစက်မှုကြောင့် တစ်နှစ်ပတ်လုံနီးပါးပိတ်ထားခဲ့ရတဲ့အခြေခံကျောင်းတွေကို ကိုဗစ်-၁၉ ထိန်းချုပ်ရေး ဗဟိုကော်မတီကခွင့်ပြုပါကအမြန်ဆုံးပြန်ဖွင့်နိုင်ရန်အတွက် ကြိုတင်ပြင်ဆင်ထားရန်ညွှန်ကြားထားတယ်လို့ သိရပါတယ်။ 

လက်ရှိမှာကျောင်းတွေပြန်ဖွင့်နိုင်ရေးကို ကြိုတင်ပြင်ဆင်ထားရန် ညွှန်ကြားထားပေမယ့် ပြန်ဖွင့်မယ့်ရက်ကိုတော့ မဆုံးဖြတ်ရသေးဘူးလို့ အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက Duwunကိုပြောပါတယ်။



“ ကျောင်းတွေပြန်ဖွင့်ဖို့ကတော့ ကူးစက်မှုနှုန်းလျော့နည်းတဲ့အပေါ်ပဲမူတည်ပါတယ်။ လက်ရှိအချိန်ထိတော့ ပြန်ဖွင့်မယ့်ရက်ကိုမသိသေးဘူး။ ကိုဗစ်-၁၉ထိန်းချုပ်ရေးဗဟိုကော်မတီကသာခွင့်ပြုရင်တော့ ပြန်ဖွင့်နိုင်ဖို့ ကျောင်းတွေကို အဆင်သင့်ပြင်ဆင်ထားမယ်။ အခု ညွှန်ကြားထားတယ်ဆိုတာကလည်း ဖွင့်ခွင့်ရတာနဲ့ တန်းဖွင့်နိုင်အောင်ပြင်ဆင်ခိုင်းထားတဲ့သဘောပါ”လို့ ဦးကိုလေးဝင်းက ပြောပါတယ်။

ကျောင်းတွေ ဖွင့်ခွင့်ရတာနဲ့ (A)အဆင့်ရှိရင် ကျောင်းအားလုံးဖွင့်လှစ်နိုင်အောင် ကြိုတင်ညွှန်ကြားထားခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

၂၀၁၉-၂၀၂၀ပညာသင်နှစ်မှာ အခြေခံပညာကျောင်းတွေကို ဇူလိုင်လ ၂၁ရက်နေ့မှာ Aအဆင့်ရှိကျောင်းတွေပြန်လည်ဖွင့်လှစ်ခဲ့ပေမယ့် တစ်လနီးပါးသာကြာခဲ့ပြီး ကိုဗစ်ဒုတိလှိုင်းစတင်တဲ့ သြဂုတ်လ ၂၃ရက်နေ့မှာတော့ ပြန်ပိတ်ခဲ့ရပါတယ်။ ကျောင်းတွေခေတ္တဖွင့်လှစ်ချိန်မှာ အထက်တန်းအဆင့်ကိုသာဖွင့်နိုင်ခဲ့တာဖြစ်ပြီး အလယ်တန်းနဲ့မူလတန်းတွေကိုတော့လုံးဝဖွင့်လှစ်နိုင်ခဲ့ခြင်းမရှိသေးပါဘူး။ ဇူလိုင်လအတွင်းမှာ ကျောင်းတွေပြန်ဖွင့်နိုင်ခဲ့စဉ်က တစ်နိုင်ငံလုံးက A အဆင့်ရှိအခြေခံပညာကျောင်းပေါင်း လေးထောင်နီးပါးဖွင့်နိုင်ခဲ့တယ်လို့လည်း ပညာရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က