အကျယ်အဝန်းဧက ၄ သိန်း ၈ သောင်းကျော်ရှိတဲ့ မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်မှာ သစ်တောမြေဧကနှစ်သိန်းနီးပါးရှိတယ်လို့ သစ်တောဦးစီးဌာနရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။

ပြင်ဦးလွင်မြို့မှာ သစ်တောမြေတွေကိုအကွက်ရိုက်ရောင်းချနေတာတွေရှိနေလို့ သက်ဆိုင်ရာက မကျူးကျော်ရဆိုင်းဘုတ်တွေထောင်ပြီးသတိပေးနေပြီဖြစ်တာကြောင့် ပြင်ဦးလွင်မြို့ကမြေတွေဝယ်ယူတဲ့အခါမှာသတိပြုဝယ်ယူကြဖို့ ပြင်ဦးလွင်အမတ်ဦးအောင်မင်းကသတိပေးပြောဆိုထားပါတယ်။

Photo: Forest Department

"သစ်တောဌာနကသစ်တောမြေပြန်သိမ်းဖို့ဆိုတာ မနှစ်ကတည်းကပြောထားတာပါ၊ စနစ်တကျနဲ့ပြန်အပ်ဖို့ပါ၊ သစ်တောမြေကိုမဝယ်ရဘူးဆိုတာ ဥပဒေမှာရှိပြီးသားပါ၊ မြေအမျိုးအစားတစ်ခုကိုဝယ်မယ်ဆိုရင် အဲဒီမြေအမျိုးအစားကိုစစ်ဖို့သူ့မှာတာဝန်ရှိတယ်လေ၊ မနက်ကတောင်လူတစ်ယောက်ကမေးသေးတယ်၊ အဲ့ဒါဘယ်မှာမေး(စစ်)လို့ရသလဲတဲ့၊ သစ်တောဌာနမှာမေး(စစ်)လို့ရပါတယ်" လို့ မန္တလေးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ပြင်ဦးလွင်မြို့နယ်မဲဆန္ဒနယ်အမှတ်(၁)မှ ဦးအောင်မင်းကပြောပါတယ်။

Photo: Forest Department

ပြင်ဦးလွင်အိမ်ခြံမြေရောင်းဝယ်ရေးလောကမှာ တချို့က မြေလွတ်မြေရိုင်းတွေကိုအကွက်ရိုက်ပြီး မြေကွက်တွေမှာကျောက်တိုင်စိုက်တာ၊ သွပ်ဆူးကြိုးကာရံတာ၊ အုတ်တံတိုင်းခတ်ကာရံတာ၊ အဆောက်အဦအခိုင်အမာဆောက်လုပ်ထားတာတွေရှိနေတာကြောင့် မနေ့ကပဲ သစ်တောဦးစီးဌာနက သတိပေးတားမြစ်ချက်ဆိုင်းဘုတ်တွေလိုက်လံစိုက်ထူပြီးအသိပေးထားတယ်လို့သိရပါတယ်။ သစ်တောကြိုးဝိုင်းတွေကို ရွာမြေလို့ပြောဆိုရောင်းချနေတာတွေကြောင့် သက်ဆိုင်ရာကသစ်တောကြိုးဝိုင်းတွေထဲမကျူးကျော်ရဆိုင်းဘုတ်တွေထောင်ပြီး သတိပေးတားမြစ်နေတာဖြစ်ပြီး အဲဒီသတိပေးချက်ထဲမှာ မေမြို့ထင်းကြိုးဝိုင်းအတွင်း ခွင့်ပြုချက်တစ်စုံတစ်ရာမရှိဘဲ ကျူးကျော်ဝင်ရောက်ပြီး ကျောက်တိုင် စိုက်/သွပ်ဆူးကြိုးကာရံခြင်း၊ အုတ်တံတိုင်းခတ်ကာရံ၍အဆောက်အဦအခိုင်အမာဆောက်လုပ်ထားခြင်းများတွေ့ရှိရပြီး ကျူးကျော်လုပ်ကိုင်ဆောင်ရွက်နေသူတွေကို ဖော်ထုတ်ပြီးဥပဒေအရအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းပါရှိပါတယ်။


Photo: Forest Department

"ပြည်ထောင်စုဝန်ကြီးဌာနကညွှန်ကြားပုံရပါတယ်၊ သစ်တောဥပဒေမှာ ဥပဒေလုပ်ထုံးလုပ်နည်းတွေရှိပါတယ်၊ သစ်တော ကြိုးဝိုင်းထဲမှာ ဒီလိုတွေဆောက်တယ်ဆိုရင်ဘာလုပ်ပါဆိုတာရှိပြီးသားပါ၊ ဥပဒေအတိုင်းပဲဆောင်ရွက်တယ်လို့ကျွန်တော်ထင်ပါတယ်" လို့ မန္တလေးတိုင်းဒေသကြိးအစိုးရ အဖွဲ့ဝင်၊ သယံဇာတနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဦးမျိုးသစ်က မှတ်ချက်ပြုပြောဆိုပါတယ်။ အကျယ်အဝန်းဧက ၄ သိန်း ၈ သောင်းကျော်ရှိတဲ့ မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်မှာ သစ်တောမြေဧကနှစ်သိန်းနီးပါးရှိတယ်လို့ သစ်တောဦးစီးဌာနရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။ 



က္က