ဖြေလျော့မှုတွေပေးလို့ ဖွင့်လှစ်ခွင့်ရတာနဲ့တပြိုင်နက် ဖွင့်လှစ်သွားမှာပါ။

ကိုဗစ်ကြောင့် ခရီးသွားဘုရားဖူးအစီအစဉ်တွေကို ပိတ်ထားရတဲ့ ပုဂံကဘုရားတွေကို ကိုဗစ်စည်းကမ်းတွေနဲ့အညီ ပြန်လည်ဖွင့်လှစ်နိုင်အောင် စီမံချက်ရေးဆွဲနေတယ်လို့ သိရပါတယ်။

ကျန်းမာရေးအရ ဖြေလျော့မှုတွေပေးတာနဲ့တပြိုက်နက်တည်း ဘုရားဖူးတွေကို ပြန်လည်ခွင့်ပြုနိုင်ရန် ကြိုတင်ပြင်ဆင်နေတာဖြစ်ပြီး တန်ခိုးကြီးဘုရားတွေနဲ့ ဟိုတယ်တွေအပါအဝင် ဈေးသည်တွေကအစ ကိုဗစ်စည်းကမ်းတွေနဲ့ အညီ ဘယ်လိုတွေထားရှိသွားမလဲဆိုတာတွေကို ကြိုတင်ပြင်ဆင်နေတာဖြစ်တယ်လို့ ညောင်ဦးမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်စိန်က Duwun ကိုပြောပါတယ်။

“ ဖွင့်ခွင့်ရရင်တော့ ကျန်းမာရေးညွှန်ကြားချက်နဲ့အညီလုပ်မှာပါ။ အခုလည်း ကြိုတင်ပြင်ဆင်နေတယ်ဆိုတာက ဖွင့်ခွင့်ပေးတာနဲ့တစ်ခါတည်းဖွင့်နိုင်အောင်ပေါ့နော်။ ဖွင့်တယ်ဆိုရင်လည်း တန်ခိုးကြီးဘုရားတွေမှာလည်း စည်းကမ်းချက်တွေအညီပြင်ဆင်ထားပြီးတော့ ခရီးသွားဧည့်သည်တွေလည်း စိတ်ချမ်းသာအောင် လုပ်ဆောင်သွားမှာပါ။ ခုထိတော့ဖွင့်ဖို့အတွက် ဘာညွှန်ကြားချက်မှမရှိသေးပါဘူး”လို့ ဦးမြင့်စိန်ကပြောပါတယ်။

ပုဂံညောင်ဦးဒေသကြ မန်မာနိုင်ငံရဲ့ ခရီးသွားမြို့တော်တစ်ခုဖြစ်ပြီး ကိုဗစ်ကာလမှာ ဆုံးရှုံးမှုအများဆုံးရှိတဲ့ ဒေသတစ်ခုလည်းဖြစ်ပါတယ်။ဘုရားဖူးအစီအစဉ်တွေကို ပိတ်ထားခဲ့တာကြောင့် ခရီးသွားဝင်ရောက်မှုမရှိတဲ့အတွက် ဟိုတယ်လုပ်ငန်းတွေအပါအဝင်၊ ဒေသခံ အရောင်းအဝယ်ဈေးသည်တွေကအစ စီးပွါးရေးဆုံးရှုံးမှုတွေများစွာရှိနေတယ်လို့သိရပါတယ်။ 

အခုလိုဘုရားတွေပြန်ဖွင့်နိုင်အောင်ပြင်ဆင်နေတာကလည်း ဖွင့်ခွင့်ရတာနဲ့ တန်းဖွင့်နိုင်တဲ့အခါမှာ ခရီးသွားဧည့်သည်တွေ ပိုပြီးဝင်ရောက်လာနိုင်တဲ့အတွက်ကြောင့် အခုလိုကြိုတင်စီမံချက်ရေးဆွဲပြီးဆောင်ရွက်နေတာဖြစ်တယ်လို့ သိရပါတယ်။




က္က