မူနယ်နယ်စပ်မှာမန့်ဝိန်းဂိတ်၊ နန်းတော်ရာဂိတ်၊ ဆင်ဖြူရှင်ဂိတ် ဆိုပြီး ဝင်/ထွက်ခွင့် ဂိတ် ၃ ဂိတ်ရှိပြီး နန်းတော်ရာဂိတ်နဲ့ ဆင်ဖြူရှင်ဂိတ်ကိုတော့ ပိတ်ထားဆဲဖြစ်ပါတယ်။
Ye Yint Htay

ကိုဗစ်ကူးစက်မှုကို ထိန်းချုပ်ဖို့ အချိန်အကန့်အသတ်နဲ့ ဖွင့်လှစ်ထားတဲ့ မူဆယ်မန့်ဝိန်းဂိတ်ကို ၂၄ နာရီ ပြန်လည် ဖွင့်လှစ်ပေးလိုက်ပြီဖြစ်တယ်လို့သိရပါတယ်။

မူဆယ်၊မန့်ဝိန်းဂိတ်က မြန်မာ - တရုတ်နှစ်နိုင်ငံအတွက် အဓိကကုန်သွယ်မှုနယ်စပ်ဂိတ်တစ်ခုဖြစ်တာကြောင့် အခုဆိုရင် နှစ်နိုင်ငံကုန်စည်စီးဆင်းမှုကပိုပြီး မြန်ဆန်လာတော့မှာဖြစ်တယ်လို့ သိရပါတယ်။ “မြန်မာနိုင်ငံအနေနဲ့ ဒီဇင်ဘာ ၇ ရက်နေ့မှာ မန့်ဝိန်းဂိတ်ပေါက်ကို ဖွင့်လှစ်ပေးဖို့ တောင်းဆိုပါတယ်။ ဒီလိုတောင်းဆိုတဲ့အပေါ်မှာ တရုတ်ဘက်က ၁၀ ရက်တာ စမ်းသပ်ကာလအဖြစ် သတ်မှတ်ပြီး တော့ ၂၄ နာရီ ဖွင့်လှစ်ပေးတာဖြစ်တယ်”လို့ မူဆယ်၊ဆန်ကုန်စည်ဒိုင်ဥက္ကဋ္ဌ ဦးမင်းသိန်းက ပြောပါတယ်။

Photo: Sai Htun Ko Ko

မူလက မူဆယ်၊မန့်ဝိန်းဂိတ်ကို မနက် ၆ နာရီခွဲကနေ ည ၉ နာရီထိသာ ကုန်တင်ယာဉ်အစီး ၁၂၀ ခန့်ဝင်/ထွက်ခွင့်ပြုထားခဲ့တာဖြစ်ကာ လက်ရှိမှာတော့ စမ်းသပ်ကာလအဖြစ် ၁၀ ရက်ကို ၂၄ နာရီ ပြေးဆွဲခွင့်ပြုလိုက်တာပါ။ ကိုဗစ်ကူးစက်မှုအခြေအနေကိုစောင့်ကြည့်ပြီး ၁၀ ရက်အလွန်မှာ ကိုဗစ်ကာကွယ်ထိန်းချုပ်ကုသရေးအောင်မြင်ခဲ့ရင် ယခင်ကာလတွေလို ပုံမှန်အခြေအနေအတိုင်း ဖွင့်လှစ်နိုင်မယ်လ်ု့ိသိရပါတယ်။ မန့်ဝိန်းဂိတ်ကို တရုတ်ဘက်ကဖွင့်လှစ်ပေးလိုက်တာကြောင့် ကုန်တင်ယာဉ် အစီး ၂၃၀ခန့် ဝင်/ထွက်ခွင့် ရရှိမှာဖြစ်ပြီး ယာဉ်မောင်း ဖလှယ်ရေးကိစ္စကိုလည်း ကိုဗစ်စည်းကမ်းနဲ့ အညီစနစ်တကျ လုပ်ဆောင်မှာဖြစ်တယ်လို့သိရပါတယ်။

Photo: Sai Htun Ko Ko

မူနယ်နယ်စပ်မှာမန့်ဝိန်းဂိတ်၊ နန်းတော်ရာဂိတ်၊ ဆင်ဖြူရှင်ဂိတ် ဆိုပြီး ဝင်/ထွက်ခွင့် ဂိတ် ၃ ဂိတ်ရှိပြီး နန်းတော်ရာဂိတ်နဲ့ ဆင်ဖြူရှင်ဂိတ်ကိုတော့ ပိတ်ထားဆဲဖြစ်ပါတယ်။ တရုတ်နိုင်ငံကို မြန်မာနိုင်ငံဘက်မှ ရေထွက် သားငါးများ၊ လယ်ယာထွက်စိုက်ပျိုးသီးနှံတွေ တင်ပို့ပြီးတရုတ်နိုင်ငံဘက်က မြန်မာနိုင်ငံကို အလှကုန်ပစ္စည်း၊ လျှပ်စစ်စက်ပစ္စည်းတို့ပြန်လည်တင်သွင်းမှုတွေပြုလုပ်တယ်လို့လည်းသိရပါတယ်။ 

အလွတ်တန်းသတင်းထောက် ချစ်ခွန်းချိုပေးပို့သောသတင်းဖြစ်ပါသည်။


ဆက်စပ်အကြောင်းအရာများ


Author


က္က