ကူးစက်ခံရသူ ၁၃၃ ဦးထဲက ပထမဆုံး ပိုးတွေ့ရှိသူမှာ သေဆုံးသွားခဲ့ပါပြီ။

ပဲခူးအကျဉ်းထောင်မှာ ကိုဗစ်ရောဂါပိုးကူးစက်ခံထားရတဲ့ အကျဉ်းသား ၇၇ ဦးကိုထပ်မံတွေ့ရှိရတာကြောင့် ပဲခူးအကျဉ်းထောင်ကို လော့ဒေါင်းပြုလုပ်ထားပြီဖြစ်တယ်လို့သိရပါတယ်။

ဒီကနေ့ ပဲခူးမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ပဲခူးမြို့နယ်မှာ ကိုဗစ်အတည်ပြုလူနာသစ် ၁၀၀ ဦး တွေ့ရှိရကြောင်း သတင်းထုတ်ပြန်ထားပြီး အဲဒီအထဲမှာ အကျဉ်းသား ၇၇ ဦးပါဝင်ခဲ့တာဖြစ်ပါတယ်။ 



"ထောင်ပိုင်တောင် ထောင်ထဲဝင်လို့မရဘူး။ အပြင်ကနေ ဘာမှပို့လို့မရဘူး။ ဝင်ရင် သတင်းပို့ပြီးမှဝင်ရတယ်။ စားနပ်ရိက္ခာတွေကိုလည်း လော့ဒေါင်း မချခင် အထဲမှာအကုန်လုံးပုံထားတယ်။အကုန်လုံးလော့ဒေါင်းချထားတယ်"လို့ ပဲခူးအကျဉ်းထောင် မှတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

လက်ရှိမှာတော့ ပဲခူးအကျဉ်းထောင်ကို Lockdown ၁၄ ရက် သတ်မှတ်ထားတာကြောင့် ပြင်ပကနေ ပါဆယ်ပို့ခွင့် ၊လူတွေ့ခွင့်တွေလည်း ပြုလုပ် လို့မရဘူးလို့ သိရပါတယ်။

ဓာတ်ပုံ - TWN

" ထောင်ထဲက လူကို စားစရာပို့ဖို့သွားပေမယ့် ပို့လို့မရဘူးပြောလို့ စုံစမ်းကြည့်တော့ လော့ဒေါင်းချထားတယ်သိရတယ်။အပြင်ကဘာမှပို့ခွင့်မရှိဘူးပြောတယ်"လို့ ပဲခူးမှ ကိုနိုင်က ပြောပြပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁ ရက်နေ့က ပဲခူးဆေးရုံကို တက်ရောက်ဆေးကုသမှုခံယူရင်း သေဆုံးသွားတဲ့ အသက် ၂၂ အရွယ်အမျိုးသား အကျဉ်းသားတစ်ဦးမှာ ကိုဗစ် ၁၉ ပိုးတွေ့ရှိရပြီးနောက် အကျဉ်းသားတွေကို ထပ်မံစစ်ဆေးခဲ့ရာမှ ပထမအကြိမ် စစ်ဆေးမှုမှာ အကျဉ်းသား ၅၅ ယောက် ကိုဗစ်ပိုးတွေ့ရှိရပြီး ဒီကနေ့ ဇန်နဝါရီလ ၇ ရက်နေ့မှာတော့ ကိုဗစ်အတည်ပြု လူနာသစ် အကျဉ်းသား ၇၇ဦးထပ်မံတွေ့ရှိခဲ့ရတာဖြစ်ပါတယ်။ 

ကိုဗစ်အတည်ပြု လူနာသစ်တွေ့ရှိမှုနဲ့ပတ်သက်ပြီး ပဲခူးခရိုင်ကျန်းမာရေးတာဝန်ရှိသူထံဖုန်းဖြင့်ဆက်သွယ်ခဲ့ပေမယိ့ ဖုန်းလက်ခံဖြေကြားခဲ့ခြင်းမရှိပါဘူး။

အလွတ်တန်းသတင်းထောက် ချစ်ခွန်းချို ပေးပို့ထားသော သတင်းဖြစ်ပါသည်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က