ဇန်နဝါရီလ(၆)ရက်နေ့ကနေ (၁၉)ရက်နေ့ထိ ယာယီပိတ်သိမ်းထားတာပါ။

မော်လမြိုင်မှာ ကျောက်မီးသွေးရုံ သားငါးဈေးကနေတစ်ဆင့် ကိုဗစ်ကူးစက်လူနာ ဆက်တိုက်တွေ့ရှိနေတာကြောင့် ကူးစက်မှုကိုထိန်းချုပ်နိုင်ရန် အဆိုပါ သားငါးဈေးကို ဇန်နဝါရီလ (၆)ရက်နေ့ကစတင်ကာ (၁၄)ရက်ကြာ ယာယီပိတ်သိမ်းလိုက်ပြီလို့ သိရပါတယ်။ 

နေ့စဉ် အနံ့ပျောက်လို့ လာပြတဲ့လူနာတွေကို စစ်လိုက်တဲ့အခါမှာ ပိုးတွေ့ရှိလူနာကကများနေပြီး ပိုးတွေ့လူနာအများစုကလည်း သားငါးဈေးထဲက ဆက်စပ်တဲ့သူတွေဖြစ်နေတယ်လို့ မော်လမြိုင် RESCUE ကွန်ယက်မှ ကိုဇင်မိုးက Duwun ကိုပြောပါတယ်။



“ သားငါးဈေးကနေ တစ်ဆင့်ကူးစက်မှုက များလာတယ်။ နေ့စဉ်ပိုးတွေ့လူနာစာရင်းထဲမှာ သားငါးဈေးကနေမပါတာမရှိဘူး။ ငါးသည် ၊ငါးဒိုင်၊ အလုပ်သမားအားလုံးက ဒီဈေးထဲကဖြစ်နေတာ။ အခုထိ အဲဒီဈေးထဲကနေပိုးတွေ့လူနာက အယောက် (၃၀)ကျော် (၄၀)နီးပါးရှိတယ်။ အဲဒါကြောင့် အခုသားငါးဈေးကို ယာယီပိတ်ထားတာ။ အခု (၆)ရက်နေ့ကနေ (၁၉)ရက်နေ့ထိ ပိတ်ထားမှာပါ”လို့ ကိုဇင်မိုးက ပြောပါတယ်။

အဆိုပါ သားငါးဈေးကနေ ကိုဗစ်ကူးစက်မှုနှုန်းမမြင့်မားစေရန် အစောပိုင်းကတည်းက သတိပေးလုပ်ဆောင်ခဲ့ရာကနေ အခုအခြေအနေထိ ကူးစက်မှု ပျံ့နှံ့လာတာဖြစ်တယ်လို့ ဆိုပါတယ်။ မော်လမြိုင်မှာ လက်ရှိတွေ့ရှိနေတဲ့ လူနာဦးရေထက်ပိုပြီးတွေ့ရှိလာပါက လူနာတွေကိုကုသဖို့ဆေးရုံနေရာအခက်အခဲရှိလာနိုင်ပြီး လတ်တလောမှာတော့ ဆေးရုံဆင်းလူနာနဲ့ ဆေးရုံတက်လူနာဦးရေမျှနေတာကြောင့် အခက်အခဲမရှိသေးဘူးလို့သိရပါတယ်။ ဇန်နဝါလ (၈)ရက်နေ့ မနက်ပိုငိးထိ မွန်ပြည်နယ်တစ်ခုလုံးအနေနဲ့ ကိုဗစ်အတည်ပြုလူနာ ၂၅၀၅ရှိပြီး သေဆုံးလူနာက (၁၆)ဦးရှိတယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က