လုပ်ထုံးလုပ်နည်းအရဖြစ်ဟုဆို

ကရင်ပြည်နယ် မြဝတီမြို့မှာ (၂၀၁၅) ခုနှစ် ရွေးကောက်ပွဲရဲ့ မဲလက်မှတ် တစ်သိန်းကို မီးရှို့ဖျက်ဆီး မှုပြုလုပ်ခဲ့တယ်လို့ မြို့နယ်ရွေးကောကိပွဲကော်မရှင်ဥက္ကဋ္ဌဒေါက်တာမြင့်အောင်ကျော်က ပြောပါတယ်။



အခုလိုဖျက်ဆီးတာက ဥပဒေ လုပ်ထုံးလုပ်နည်းတွေအရ ဆောင်ရွက်ခြင်းဖြစ်သလို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ညွှန်ကြားချက်အရ လုပ်ဆောင်တာဖြစ်ပြီး မီးရှို့ဖျက်ဆီးတဲ့အထဲမှာ ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲက မဲလက်မှတ်နဲ့ရွေးကောက်ပွဲဆိုင်ရာအသုံးပြုတဲ့စာရွက်စာတမ်း တွေမပါဝင်ဘူးလို့ ဆိုပါတယ်။

Photo winzaw

"(၂၀၁၅) က မဲလက်မှတ်တွေကို (၂၀၂၀) ရွေးကောက်ပွဲမတိုင်ခင်မှာ ကျွန်တော်တို့ မီးရှို့ဖျက်ဆီးရပါတယ်။ ဒါဟာလုပ်ထုံးလုပ်နည်းအရလုပ်တာဖြစ်ပါတယ်။ ပြီးတော့ အထက် uec ရဲ့အမိန့်ညွှန်ကြားချက်အရလုပ်တာဖြစ်ပါတယ်။ ခု (၂၀၂၀) ကဟာတွေလည်းသိမ်းထားရပါတယ်။ မညွှန်ကြားဘဲ၊ မလုပ်ခိုင်းဘဲ မလုပ်ပါဘူး။"လို့ ဒေါက်တာအောင်မြင့်ကျော်ကပြောပါတယ်။

မဲလက်မှတ်တွေ မီးရှို့ဖျက်ဆီးမှုကို ဇန်နဝါရီလ (၇)ရက်နေ့က မြို့နယ်ပြန်ဆက်၊ကော်မရှင်အဖွဲ့ဝင်၊ ဒေသခံ သတင်းမီဒီယာတွေရှေ့မှာပြုလုပ်ခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။

လွှတ်တော်သက်တမ်းတစ်ခုပြီးသွားတဲ့အခါ နောက်လွှတ်တော်သက်တမ်းမစခင်မှာ အရင်ရွေးကောက်ပွဲက မဲလက်မှတ်တွေကိုဖျက်ဆီးရခြင်းဖြစ်ပြီး (၂၀၂၀) ရွေးကောက်ပွဲ မဲလက်မှတ်နဲ့ မဲစာရင်းတွေကိုတော့ လုံခြုံစိတ်ချရတဲ့နေရာမှာ သိမ်းထားကြောင်း၊ သက်တမ်းအရ လာမယ့် (၂၀၂၅) ရောက်မှသာ ဖျက်ဆီးရမှာဖြစ်တယ်လို့သိရပါတယ်။


အလွတ်တန်းသတင်းထောက်ချစ်ခွန်းချိုပေးပို့သောသတင်းဖြစ်ပါသည်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က