တစ်ဦးကို ကျပ်တစ်သောင်းခွဲနှုန်းနဲ့ စစ်ဆေးပေးနေတာပါ။

အမြန်လမ်း 0 မိုင်က ကိုဗစ်စစ်ဆေးရေးဂိတ်မှာ ဒီကနေ့ ဇန်နဝါရီလ (၈)ရက်နေ့ကစပြီး ကိုဗစ်ပိုးရှိ ၊မရှိ စစ်ဆေးဆောင်ရွက်ပေးနေပြီလို့ သိရပါတယ်။

မဖြစ်မနေ အလုပ်ကိစ္စနဲ့ ခရီးသွားဖို့ လိုအပ်သူတွေအတွက် စစ်ဆေးပေးနေပြီး တစ်ဦးကို တစ်သောင်းခွဲနှုန်းနဲ့ စစ်ဆေးဆောင်ရွက်ပေးနေတာဖြစ်ပြီး ကျန်မာရေးအသိအမှတ်ပြုလက်မှတ်ပါထုတ်ပေးသွားမှာဖြစ်ပါတယ်။ “ ကိုဗစ်စစ်ဆေးရေး ဂိတ်ရှိပါတယ်။ အရင်ကတော့ ကုန်တင်ယာဉ်တွေကိုပဲစစ်တာ။ အခုက အမြန်လမ်းကနေခရီးသွားမယ့် အိမ်စီးယာဉ် ခရီးသွားတွေကိုလည်း စစ်ပေးနေတာ။ ဒီနေ့ကစပြီး စစ်ပေးတာ တန်းစီစောင့်ဆိုင်းမှုတွေတော့ရှိတာပေါ့။ ကျွန်တော်တို့ဘက်ကတော့ လိုအပ်တဲ့ လုံခြုံရေး ကိစ္စတွေတော့လုပ်ဆောင်ပေးပါတယ်”လို့ အမြန်လမ်းရဲ့တပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက Duwun ကိုပြောပါတယ်။



ခရီးသွားတွေအတွက် 0 မိုင်ဂိတ်ကနေ ကိုဗစ်ပိုး ရှိ၊မရှိ စစ်ဆေးပြီး ထောက်ခံချက်ပေးလိုက်ပေမယ့်လည်း သူတို့သွားတဲ့နေရာဒေသရောက်ရင်တော့ အဲဒီမြို့နယ်တွေရဲ့ စည်းကမ်းချက်အတိုင်းသာနေရမှာဖြစ်တယ်လို့ သိရပါတယ်။ ကိုဗစ်ပိုး ရှိ၊မရှိကို Test Kit တွေနဲ့ စစ်ဆေးပေးနေတာဖြစ်ပြီး ဒီအစီအစဉ်ကိုတော့ ရန်ကုန်တိုင်းကျန်းမာရေးဦးစီးဌာနနဲ့ ရွှေဗဟိုရ်ဆေးရုံတို့က စီစဉ်ဆောင်ရွက်ပေးခဲ့တာဖြစ်ပါတယ်။ အမြန်လမ်းကို အသုံးပြုပြီး ခရီးသွားလိုတဲ့ပြည်သူတွေအနေနဲ့ 0 မိုင်မှာ ကိုဗစ်ပိုး ရှိ၊မရှိ စစ်ဆေးပေးမှုကို နေ့စဉ် မနက် (၉)နာရီကနေ ညနေ (၅)နာရီထိ စစ်ဆေးဆောင်ရွက်ပေးလျှက်ရှိတယ်လို့လည်းသိရပါတယ်။



ဆက်စပ်အကြောင်းအရာများ



က္က