ကိုဗစ်ပိုးတွေ့ရှိသူများကိုရွှေပြည်သာမြို့နယ်က ကွန်ပျူတာတက္ကသိုလ်ထားရှိကုသပေးနေ
Mi Thawdar Aung

ရွှေပြည်သာမြို့နယ်မှာ ဖမ်းဆီးရမိခဲ့တဲ့ ဘင်္ဂါလီ (၉၉) ဦးထဲက အမျိုးသမီး (၅) ဦးမှာ ကိုဗစ်-၁၉ ရောဂါပိုးရှိကြောင်း စစ်ဆေးတွေ့ရှိရတယ်လို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးရန်အောင်မင်းက ပြောပါတယ်။

လက်ရှိမှာ ကိုဗစ်ပိုးတွေ့ရှိသူ အမျိုးသမီး (၅) ဦးကို ကိုဗစ်ကုသရေးဌာနတွေကိုပို့ဆောင်ခြင်းမရှိသေးဘဲ ရွှေပြည်သာမြို့နယ်က ကွန်ပျူတာတက္ကသိုလ်မှာပဲ ထားရှိပြီး ကျန်းမာရေးဝန်ထမ်းတွေက ကုသမှုပေးနေတယ်လို့ သိရပါတယ်။



ဓာတ်ပုံ- ရွှေမြင့်ဦး

"အမျိုးသမီး ၅ ယောက်မှာ ကိုဗစ်ပိုးတွေ့ ရတယ်။အဲ့ ၅ယောက်ကို ကွန်ပျူတာ တက္ကသိုလ်မှာပဲခွဲထားလိုက်တယ်။ သီးသန့်ခွဲထားလိုက်ပြီးတော့ကျန်းမာရေးဝန်ထမ်းတွေကပဲ စောင့်ရှောက်မှုပေးတယ်။ ကုသရေးဌာနကိုပြောင်းဖို့ရှိတယ်။ တိုင်းကျန်းမာကနေ ကုသရေးစင်တာကိုပြောင်းပါလို့ညွန်ကြားတာနဲ့ပြောင်းမှာပါ။ ပိုးမတွေ့တဲ့ (၉၄) ဦးကိုလည်းကွန်ပျူတာတက္ကသိုလ်မှာပဲထားတယ်"လို့ ဦးရန်အောင်မင်းကပြောပါတယ်။

မနေ့က ဇန်နဝါရီလ ၇ ရက်နေ့မှာ ကိုဗစ်ပိုးရှိမရှိ ဘင်္ဂလီ ၉၉ ဦးစစ်ဆေးခဲ့ရာကနေ ၅ ဦးမှာ ပိုးရှိကြောင်းကို သိရှိခဲ့ရတာဖြစ်ပါတယ်။ ပထမကြိမ် ဆေးစစ်မှုအရ Negative ထွက်ခဲ့တဲ့ ဘင်္ဂါလီ ၉၄ ဦးကို ဒုတိယအကြိမ် ကိုဗစ်ပိုးရှိမရှိ စစ်ဆေးမှုထပ်မံပြုလုပ်မှာဖြစ်တယ်လို့သိရပါတယ်။

အဆိုပါ ဘင်္ဂါလီ ၉၉ ယောက်ကို ဇန်နဝါရီလ (၆)ရက်နေ့က ရွှေပြည်သာမြို့နယ်၊ အမှတ် (၂) ရပ်ကွက် နဲ့ အမှတ်(၃) ရပ်ကွက်က နေအိမ်တွေမှာ ဖမ်းဆီးရမိခဲ့တာဖြစ်ပြီး အဲ့ဒီအထဲမှာ အမျိုးသား (၂၆) ဦး နဲ့ အမျိုးသမီး (၇၃) ဦး ပါဝင်ခဲ့တယ်လို့သိရပါတယ်။

အလွတ်တန်းသတင်းထောက် ချစ်ခွန်းချိုပေးပို့သောသတင်းဖြစ်ပါသည်။


ဆက်စပ်အကြောင်းအရာများ


Author


က္က