ဘယ်ကာလမှာ ပြန်ဖွင့်မလဲဆိုတာ မပြောနိုင်သေးဟုဆို

နောက်လထဲမှာ စာသင်ကျောင်းတွေ ပြန်ဖွင့်မည်ဆိုတာ မဟုတ်သေးဘဲ ဖွင့်လှစ်ချိန်မှာ အဆင်သင့်ဖြစ်အောင်သာ ပြင်ဆင်ခိုင်းထားခြင်းဖြစ်ပြီး ဘယ်ကာလမှာ ပြန်ဖွင့်မလဲဆိုတာ မပြောနိုင်သေးဘူးလို့ နိုင်ငံတော်သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောကြားလိုက်ပါတယ်။

ဒီကနေ့ ဇန်နဝါရီလ (၈) ရက်က နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ နိုင်ငံတော်သမ္မတရုံးသတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။



လက်ရှိမှာ စာသင်ကျောင်းတွေကို ကိုဗစ်စည်းမျဉ်းစည်းကမ်းနဲ့ ညီမညီ ပြန်လည်စစ်ဆေးခိုင်းထားပြီး (A)အဆင့်၊ (B) အဆင့်၊ (C)အဆင့် ရတဲ့ကျောင်းတွေ အဖြစ်ပြန်လည်သတ်မှတ်မယ့် အခြေအနေထိပဲ လုပ်ဆောင်ဖို့ ညွှန်ကြားထားတာဖြစ်တယ်လို့ သိရပါတယ်။

“ ဘယ်တော့ပြန်ဖွင့်မလဲဆိုတာမပြောသေးဘူး။ ဒါကို ဘယ်သူဆုံးဖြတ်မှာလဲဆိုတော့ ကိုဗစ်-၁၉ ထိန်းချုပ်ရေးအမျိုးသားအဆင့် ဗဟိုကော်မတီက ဆုံးဖြတ်မှာ။ ကျန်းမာရေးရဲ့တင်ပြချက်၊ ပညာရေးရဲ့ တင်ပြချက် ဒါတွေကိုမြင်ပြီးတော့ သင့်တော်တဲ့အချိန်မှာသူတို့ ဆုံးဖြတ်မှာ။ အတိုင်ပင်ခံပုဂ္ဂိုလ်ဦးဆောင်တဲ့ ကော်မတီရှိတယ်။ အဲဒီက ဘာမှ ဆုံးဖြတ်ချက်မထွက်သေးဘူး။ ဘယ်လောက်ပြန်ဖွင့်မလဲဆိုတာမဟုတ်သေးဘးူ။အခုလောလောဆယ်ပြန်စစ်ခိုင်းထားတယ်။ပြန်ပြင်ခိုင်းထားတယ်။ ဒီလောက်ပါပဲ” လို့ ဦးဇော်ဌေးက ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လအတွင်း အထက်တန်းအဆင့်စာသင်ကျောင်းတွေ ဖွင့်လှစ်စဉ်က ကိုဗစ်-၁၉ ပြန့်ပွားမှုမရှိစေရေးအတွက် ထုတ်ပြန်ခဲ့တဲ့ လမ်းညွှန်ချက်ပေါင်း (၈၀)က အခုလက်ရှိ အခြေအနေနဲ့ ကိုက်ညီမှု ရှိ၊မရှိကို ပြန်လည်စစ်ဆေးသွားမှာဖြစ်တယ်လို့လည်း ဦးဇော်ဌေးက ဆိုပါတယ်။ လက်ရှိမှာ အခြေခံပညာကျောင်းတွေမှာ ကိုဗစ်စည်းမျဉ်းနဲ့အညီပြင်ဆင်မှုတွေ စတင်လုပ်ဆောင်နေပြီး ရန်ကုန်က စာသင်ကျောင်းတွေ အများစုကယခင်ဖွင့်လှစ်စဉ်က ပြင်ဆင်ပြီးသား တွေ ဖြစ်နေတယ်လို့လည်း ရန်ကုန်မှ ကျောင်းအုပ်ဆရာမကြီး အချို့ကလည်း ပြောပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က