ဒေသခံပရဟိတအသင်း၀င်တစ်ဦးက သူ့အကောင့်မှာ ရေးသားလိုက်တဲ့ ပို့စ်နဲ့ပတ်သက်ပြီး သတင်းတွေ ပြန့်နှံ့နေခဲ့တာပါ။

မန္တလေးက ဧရာ၀တီစင်တာမှာ ကိုဗစ်မျိုးစိတ်ကွဲတွေ့ရှိတယ်လို့ ဒီကနေ့မနက်ပိုင်းက အွန်လိုင်းစာမျက်နှာတွေပေါ် သတင်းတွေထွက်ပေါ်ခဲ့တာမှာ ဒါနဲ့ပတ်သက်လို့ မန္တလေးတိုင်းဒေသ ကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနဆီ ဆက်သွယ်မေးမြန်းကြည့်တာမှာ မဟုတ်ကြောင်းသိရပါတယ်။

ဒီကနေ့မနက် ၁၁ နာရီခန့်က မန္တလေးမြို့ဒေသခံပရဟိတအသင်း၀င်တစ်ဦးက သူ့အကောင့်ကနေတစ်ဆင့်ရေးသားလိုက်တဲ့ပို့စ်နဲ့ပတ်သက်ပြီး သတင်း တွေထွက်ပေါ်ပြန့်နှံ့တာမှာ ဒီသတင်းတွေကြောင့် စိုးရိမ်ထိတ်လန့်မှုတွေရှိနေကြတာပါ။



ဒါနဲ့ပတ်သက်လို့ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန တိုင်းဦးစီးမှူးဆရာ၀န်ကြီးဒေါက်တာသန်းသန်းမြင့်က "မဟုတ်ပါဘူး။ ဒီဗီဇပြောင်းပိုးသစ်က ဒီအတိုင်းကြီးပြောလို့ရတဲ့ကိစ္စမှမဟုတ်တာ၊ အများကြီးစစ်ဆေးမှုတွေအများကြီးလုပ်ရတာပါ၊ ဆေးသုတေသနက ကြေညာရင်တော့မသိဘူး၊ မန္တလေးအနေနဲ့က ဒီအတိုင်းကြီးတန်းပြောလို့မရပါဘူး" လို့ လတ်တလောအခြေအနေနဲ့ပတ်သက်လို့ပြောပါတယ်။ 

ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန၊ ကျန်းမာရေးအသိပညာမြှင့်တင်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူးဒေါက်တာသန်းနိုင်စိုးကလည်း ဒီသတင်းက မဟုတ်မှန်ကြောင်း အတည်ပြုပြောကြားပါတယ်။

"မဟုတ်လောက်ပါဘူးခင်ဗျ။ ဒါမျိုးက ကျွန်တော်တို့တန်းပြောလို့မရပါဘူးခင်ဗျ။ မျိုးစိတ်ကိုစစ်ဆေးရတယ်၊ မျိုးရင်းနဲ့တိုက်ဆိုင်စစ်ဆေးရတယ်၊ အဲဒါတွေတိုက် ဆိုင်စစ်ဆေးပြီးတော့မှ သေချာပြီဆိုမှ တရား၀င်ထုတ်ပြန်ရတာပါ။ ဒါတွေကကောလဟလတွေပါ။ မြန်မာနိုင်ငံမှာလက်ရှိအချိန်အထိမတွေ့ရသေးပါဘူး လို့ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန၊ ကျန်းမာရေးအသိပညာမြှင့်တင်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူးဒေါက်တာသန်းနိုင်စိုးကပြောပါတယ်။

မန္တလေးမြို့ခံပရဟိတအသင်း၀င်တစ်ဦး သူ့အကောင့်ကနေရေးသားတဲ့ပို့စ်မှာ ကိုဗစ်မျိုးစိတ်ကွဲ ဧရာ၀တီစင်တာတွင်စတင်တွေ့ရှိ ဖြစ်ပြီး အဲဒီပို့စ်ကို ရှယ်သူတစ်ထောင်ခန့်ရှိပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က