ရက်ပိုင်းအတွင်းတင်ပြတောင်းဆိုမယ်လို့ ဆိုပါတယ်။

ဒုတိယအကြိမ် လွှတ်တော်သက်တမ်းမကုန်မီ လွှတ်တော်အထူးအစည်းအဝေးခေါ်ပေးဖို့ ပြည်ခိုင်ဖြိုးပါတီကိုယ်စားလှယ်တွေ၊ တပ်မတော်သားကိုယ်စားလှယ်တွေနဲ့ တိုင်းရင်းသားပါတီတွေရဲ့ ကိုယ်စားလှယ်တွေ ပူးပေါင်းတောင်းဆိုသွားမှာဖြစ်တယ်လို့ ပြည်ခိုင်ဖြိုးပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်က ပြောဆိုလိုက်ပါတယ်။

ဒီကနေ့ ဇန်နဝါရီ (၁၀) ရက်က နေပြည်တော်မှာပြုလုပ်တဲ့ ပြည်ခိုင်ဖြိုးပါတီရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။



ဥပဒေကြောင်းအရ လွှတ်တော်ကိုယ်စားလှယ် (၂၅) ရာခိုင်နှုန်းက လွှတ်တော်နာယကထံ လက်မှတ်ထိုးပြီး အထူးအစည်းအဝေးခေါ်ဖို့ တောင်းဆိုက ခေါ်ပေးရမှာ ဖြစ်တယ်လို့ ဒေါက်တာနန္ဒာလှမြင့်က ဆိုပါတယ်။

“ ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်တွေပါမယ်။ တပ်မတော်သားကိုယ်စားလှယ်တွေပါမယ်။ တိုင်းရင်းသားပါတီက ကိုယ်စားလှယ်တွေပါမယ်။ ဒီရက်ပိုင်း အတွင်းတင်မှာပါ ခင်ဗျ။ သူတို့ ဘာမှအကြောင်း မပြန်ဘဲနဲ့တော့ ဘာဆက်လုပ်ရမလဲ ဆိုတာမသိပါဘူး။ ဥပဒေကြောင်းအရ ကိုယ်စားလှယ် (၂၅) ရာခိုင်နှုန်း က လွှတ်တော် နာယကကို လက်မှတ်ထိုးပြီးတော့မှ အထူးအစည်းအဝေးခေါ်ဖို့ တောင်းဆိုရင် နာယက ကခေါ်ယူပေးရမည် ဆိုတော့ သူက ခေါ်ကိုခေါ်ပေးရမှာ မခေါ်ပေးလို့မရဘူး။ “ လို့ ဒေါက်တာနန္ဒလှမြင့်က ပြောပါတယ်။

ပြီးခဲ့တဲ့ (၂၀၁၅) ခုနှစ် ပထမအကြိမ် လွှတ်တော်သက်တမ်းကာလတုန်းက လွှတ်တော်မှာ လွှတ်တော်ကိုယ်စားလှယ် အဟောင်းအသစ်တွေ တွေ့ဆုံပြီး စားသောက်ပွဲတွေကျင်းပပေးခဲ့ကြောင်း၊ အခုလည်း လွှတ်တော်အထူးအစည်းအဝေးခေါ်ပြီး စနစ်တကျကျနဲ့ လွှဲပြောင်းပေးရမှာ ဖြစ်ကြောင်း၊ လက်ရှိမှာ လွှဲပြောင်းလုပ်ငန်းစဉ် မလုပ်ဘဲ နောက်လွှတ်တော်သက်တမ်းခေါ်တာတွေက သဘာဝမကျကြောင်း ဒေါက်တာနန္ဒာလှမြင့်က ဆက်လက်ပြောပါတယ်။

“ ဘာကြောင့်အရေးပေါ် တတိယအကြိမ်လွှတ်တော်ခေါ်နေတာလဲ။ သူ့အစဉ်အတိုင်းလုပ်ပါ။ သမ္မတကြီးက မိန့်ခွန်းတွေ ပြောပါစေဦး။ နောက်တစ်ခါ ကျွန်တော်တို့ ကိုယ်စားလှယ်လေးတွေ သူ့ဒေသအတွက် သူတို့ မေးခွန်းတွေ အဆိုတွေ ဖြတ်ပါစေဦး။ ပြီးတော့မှ ကိုယ်စားလှယ်အဟောင်းတွေ အသစ်တွေ ချစ်ခင်ရင်းနှီးစွာနဲ့ နှုတ်ဆက်ကြ စားကြသောက်ကြ ပြီးတော့မှ ကိုယ်စားလှယ်အဟောင်းတွေက လုပ်ငန်းတွေကို ဘယ်လို လုပ်ရတယ်ဆိုတာ ဗဟုသုတတွေ မျှဝေပြီးတော့ အသစ်တွေက ဆက်တက်ပေါ့။ အဲဒီတုန်းကလည်း ကျွန်တော်တို့ ဖြတ်ခဲ့တာပဲ။ အခုကျမှ အသည်းအသန် ရုတ်တရက်ကြီး ဒုတိယအကြိမ်က ကိုယ်စားလှယ်တွေ ကို အတင်းပြန်ခိုင်း ။ တတိယအကြိမ် ကိုယ်စားလှယ်တွေ လာတော့ဆိုပြီး အဆင်းလုပ်နေတာတော့ ပုံစံ မဟုတ်ဘူးလေ။ ပုံစံ မမှန်ဘူးလို့ ကျွန်တော် ပြောချင်တာပါ။ ဒါမျိုးတွေ ပုံစံ မမှန်တာလုပ်တဲ့အတွက် ပုံစံမှန်အောင် လုပ်ဖို့ ကျွန်တော်တို့ ဥပဒေနဲ့ အညီ ဆောင်ရွက်ပေးနေရတာပေ့ါ” လို့ ဒေါက်တာနန္ဒာလှမြင့်က ပြောပါတယ်။

လက်ရှိမှာ ဒုတိယအကြိမ်လွှတ်တော်တွေကို ခေါ်ယူခြင်းမပြုတော့ဘဲ တတိယအကြိမ်လွှတ်တော်အစည်းအဝေးကို လာမယ့် ဖေဖော်ဝါရီလ (၁) ရက်မှာ ကျင်းပမယ်လို့ ပြည်ထောင်စုလွှတ်တော်က ထုတ်ပြန်ထားပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က