ဟိုတယ်မှာအဓမ္မပြုကျင့်ထားတဲ့ video ကို အွန်လိုင်းပေါ်တင်ခဲ့တာဖြစ်ပါတယ်။
Ei Ei Htun

ဒီဇင်ဘာလ (၂၆)ရက်နေ့က မြိတ်မြို့မှာ ဖြစ်ပွါးခဲ့တဲ့ အသက်မပြည့်သေးတဲ့ (၁၄)နှစ်အရွယ်မိန်းကလေးကို သွေးဆောင်ဖြားယောင်းပြီး ဟိုတယ်မှာ အဓမ္မကျင့်ကာ video ဖိုင်ကို အွန်လိုင်းပေါ်တင်ခဲ့တဲ့ တရားခံတွေကို ဖမ်းဆီးကာ အမှုဖွင့်ထားပြီဖြစ်တယ်လို့ သိရပါတယ်။ 

တရားခံက (၃)ဦးဖြစ်ပြီး (၁)ဦးက မိန်းကလေးကို အဓမ္မကျင့်သူဖြစ်ကာ ကျန်နှစ်ဦးက videoဖိုင်ရိုက်ကူးပေးသူတွေဖြစ်ပါတယ်။ “ တကယ်တော့ အွန်လိုင်းပေါ်တက်လာတဲ့ videoအရဆိုရင် အားလုံးကလည်းသုံးသပ်ကြတာက သူတို့ဘာသာ နှစ်ဦးသဘောတူ အတူနေထိုင်ကြတယ် ထင်ကြတာပေါ့။ အဲဒီ video ကို အွန်လိုင်းပေါ်တင်လိုက်တဲ့အခါမှသာ မိန်းကလေးမိဘတွေက တရားစွဲတဲ့သဘောပါ။ အခုတော့ တရားခံတွေကို ဖမ်းဆီးထားတယ်လို့တော့ သိရပါတယ်။ ကျန်တဲ့အသေးစိတ်ကိစ္စတော့ ဘာမှမသိရသေးပါဘူး”လို့မြိတ်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးစိုးပိုင်ဌေးက Duwunကို ပြောပါတယ်။

မိန်းကလေးကို အဓမ္မကျင့်ခဲ့တာက ဒီဇင်ဘာ (၂၆)ရက်နေ့ကဖြစ်ပြီး video ဖိုင်ကိုတော့ ဇန်နဝါရီလ (၉)ရက်နေ့မှသာ တရားခံတွေဘက်က အကောင့်အတုနဲ့ အွန်လိုင်းပေါ်ဖြန့်ဝေခဲ့တာ ဖြစ်ပါတယ်။ ဖြစ်စဉ်မှာ ဓာတ်ပုံလုပ်ငန်းလုပ်ကိုင်တဲ့ အသက် (၂၇)နှစ်အရွယ် ကိုထက်ဆိုသူက သူရဲ့ တပည့်နှစ်ယောက်နဲ့အတူ မိန်းကလေးကို မော်ဒယ်ဓာတ်ပုံရိုက်ကူးပေးမယ်၊ တစ်ခါရိုက်ကူးက ငွေကျပ် (၅)သောင်းပေးမယ်ဆိုပြီး ခေါ်ဆောင်ကာ အဓမ္မကျင့်ကြံခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဓာတ်ပုံဆရာ ကိုထက်က ပြစ်မှုကျူးလွန်ခဲ့တာဖြစ်ပြီး သူရဲ့တပည့်နှစ်ဦးက ဓာတ်ပုံနဲ့ video ကိုရိုက်ကူးပေးခဲ့တာလို့လည်း ဆိုပါတယ်။ လက်ရှိမှာတော့ ကိုထက်နဲ့ အပေါင်းအပါနှစ်ဦးကို မြိတ်မြို့ရဲစခန်းမှာ ရာဇသတ်ကြီးပုဒ်မ ၃၆၃/၃၇၆/၁၁၄တို့ဖြင့် အမှုဖွင့်ထားတယ်လို့ သိရပါတယ်။


Author


က္က