ကိုဗစ်စည်းကမ်းတွေနဲ့ အညီ ပြန်လည်ဖွင့်လှစ်ခဲ့တာပါ။
Ei Ei Htun

ခရစ္စမတ်ရုံးပိတ်ရက်နဲ့ နှစ်သစ်ကူးရုံးပိတ်ရက်တွေမှာ ဒေသတွင်းကိုဗစ်ကူးစက်မှုကို ထိန်းချုပ်နိုင်ရန်အတွက် နေပြည်တော်က လူစည်ကားတဲ့ နေရာတွေကို ယာယီပိတ်ထားခဲ့ပြီး လက်ရှိမှာတော့ဇန်နဝါရီလ (၁၃)ရက်နေ့စလို့ ပြန်လည် ဖွင့်လှစ်ခွင့်ပြုလိုက်ပြီလို့ သိရပါတယ်။ 

မင်္ဂလာကန်တော်


ကိုဗစ်-၁၉ရောဂါကူးစက်မှုကို ထိရောက်စွာကာကွယ်ဟန့်တားနိုင်ရန်အတွက် အများပြည်သူတွေမလိုလားအပ်ဘဲ လူစုလူဝေးရှိရာနေရာတွေသွားလာခြင်းကို ရှောင်ကြဉ်ကြဖို့ ရုံးပိတ်ရက်ကာလရှည်တွေမှာ အပန်းဖြေနေရာတွေကို ပိတ်ထားခဲ့တာဖြစ်ပြီး ယခုအခါမှာတော့ ကိုဗစ် စည်းကမ်းချက်တွေနဲ့အညီ ပြန်လည်ဖွင့်လှစ်ခဲ့ပေးခဲ့တာဖြစ်တယ်လို့ နေပြည်တော် ကောင်စီဝင် ဦးမင်းသူက Duwun ကိုပြောပါတယ်။ 

" မနေ့ကရက်စွဲနဲ့ပဲ နေပြည်တော်ကိုဗစ်ထိန်းချုပ်ရေးကော်မတီက ခွင့်ပြုလို့ ပြန်လည်ဖွင့်လှစ်ခဲ့တာပါ။ ခရစ္စမတ်ရုံးပိတ်ရက်နဲ့ နှစ်သစ်ကူးရုံးပိတ်ရက်တွေမှာတုန်းက ဒီအပန်းဖြေနေရာတွေမှာ လူအရမ်းများမှာစိုးလို့ ပိတ်ထားခဲ့တာပါ။ အခုပြန်ဖွင့်တဲ့အခါမှာ ကိုဗစ်စည်းကမ်းတွေနဲ့ အညီပါပဲ။ ခပ်ခွာခွာနေတာတွေ၊ Mask တပ်တာတွေကတော့မဖြစ်မနေပေါ့။ ဥယျာဉ်ပန်းခြံလိုနေရာမျိုးတွေမှာ ဆိုရင်လည်း အပန်းဖြေတာမျိုးတွေပဲ လက်ခံမှာပါ။ ဘာပွဲလမ်းသဘင်မှလုပ်ခွင့်ပြုမှာ မဟုတ်ပါဘူး" လို့ ဦးမင်းသူက ပြောပါတယ်။ 

မြသီတာရေတံခွန်

ခရစ္စမတ်ရုံးပိတ်ရက်နဲ့ နှစ်သစ်ကူးရုံးပိတ်ရက်တွေမှာ နေပြည်တော်အတွင်းက ပိတ်ထားခဲ့တဲ့ အပန်းဖြေနေရာတွေကတော့ ပေါင်းလောင်းချောင်းအပန်းပြေစခန်း (ဇေယျာသီရိမြို့နယ်)၊ ပုဇွန်ဆိတ်ရေတံခွန် ( ပျဉ်းမနားမြို့နယ်)၊ဖလောင်းရေတံခွန် ( ပျဉ်းမနားမြို့နယ်)၊ အဝေရာဆည်အပန်းဖြေနေရာ ( ပျဉ်းမနားမြို့နယ်)၊ မြသီတာ ရေတံခွန် (ပျဉ်းမနားမြို့နယ်)၊ ကိုးတစ်ရေပူစမ်း ( ပျဉ်းမနားမြို့နယ်)နဲ့ မင်္ဂလာကန်တော် (ဇမ္ဗူသီရိမြို့နယ်) တို့ဖြစ်ပါတယ်။

ခရစ္စမတ်ရုံးပိတ်ရက်နဲ့ နှစ်သစ်ကူးရုံးပိတ်ရက်တွေမှာ ရန်ကုန်က ပန်းခြံတွေကိုလည်း လူစုလူဝေးမဖြစ်ပေါ်စေရန် ပိတ်ထားခဲ့ပြီး ရန်ကုန်ကပန်းခြံတွေကိုတော့ ဇန်နဝါရီ်လ (၂၀)ရက်နေ့ထိ ဆက်လက်ပိတ်ထားရန်အတွက် ညွှန်ကြားချက်ထုတ်ပြန်ထားပါတယ်။



Author


က္က