ဒဏ်ရာရရှိသူ (၄၄၆)ဦးရှိပါတယ်။
Ei Ei Htun

၂၀၂၀ခုနှစ်တစ်နှစ်ပတ်လုံးကာလအတွင်း ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးမှာ ယာဉ်မတော်တဆမှုပေါင်း (၄၁၂) မှုဖြစ်ပွားခဲ့ပြီး ကျား (၆၄)ဦး နှင့် မ (၂၀)ဦး စုစုပေါင်း (၈၄)ဦးသေဆုံးခဲ့ကာ (၄၄၆)ဦး ဒဏ်ရာရရှိခဲ့တယ်လို့ အမြန်လမ်းမကြီးရဲတပ်ဖွဲ့ရဲ့ စစ်တမ်းအရ သိရပါတယ်။ 

ယာဉ်မတော်တဆမှုအများစုမှာ ယာဉ်မောင်းတွေအနေနဲ့ ယာဉ်ကမ်းလိုက်နာမှုအားနည်းခြင်းကြောင့်ဖြစ်ပြီး သတ်မှတ်မှိုင်နှုန်းထက်ကျော်လွန်မောင်းနှင်ရာကနေ အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်မှုတွေက အများစုဖြစ်တယ်လို့ အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှ ဒုရဲမှူးမျိုးလင်းသန့်က Duwun ကိုပြောပါတယ်။ 

“အမြန်လမ်းမှာ ယာဉ်မတော်တဆမှုဖြစ်လိုက်ရင် လမ်းမကောင်းလို့၊ လမ်းကစံချိန်စံညွှန်းမပြည့်မှီလို့ ဆိုပြီး ပြောကြတယ်။ ကျွန်တော်တို့လည်းနေ့စဉ်သွားလာနေတာပါပဲ။ အဓိကကတော့ ယာဉ်မောင်းပါ။ယာဉ်မောင်းသာ ဂရုတစိုက်မောင်းရင်ဖြစ်စရာတော့ မရှိပါဘူး။ ယာဉ်မတော်မှုတွေကြည့်လိုက်ရင် အများစုက အရှိန်လွန်မောင်းနှင်တာမှုကြာင့်ဖြစ်တာများပါတယ်။ (၂၀၂၀)ခုနှစ်အတွင်းမှာ ယာဉ်မတော်တဆမှုကြောင့် သေဆုံးသူက (၈၄)ဦးရှိတယ်” လို့ ဒုရဲမှူးမျိုးလင်းသန့်ကပြောပါတယ်။ 

အမြန်လမ်းမှာ ယာဉ်မတော်မှုတွေလျော့နည်းအောင် အရှိန်လွန်မောင်းနှင်မှုတွေကို မိုင်နှုန်းဖမ်းဆက်တွေထားရှိဖမ်းဆီးနေပေမယ့်လည်း ယာဉ်မောင်းတွေက စက်နေရာရောက်တဲ့နေရာသာအချိန်လျော့မောင်းပြီး ကျန်တဲ့နေရာတွေမှာတွေ အရှိန်လွန်မောင်းနှင်နေကြတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ယာဉ်မတော်တဆမှုအများစုက အရှိန်လွန်မောင်းနှင်ပြီး တိမ်းမှောက်မှုတွေက အများစုဖြစ်ပါတယ်။ 

၂၀၂၀ခုနှစ် ယာဉ်မတော်တဆမှုဖြစ်စဉ်တွေက ၂၀၁၉ခုနှစ်နဲ့ နှိုင်းယှဉ်ရင် လျော့နည်းခဲ့ပြီး သေဆုံးသူဦးရေလည်းလျော့နည်းခဲ့ပါတယ်။ ၂၀၁၉ခုနှစ် တစ်နှစ်ပတ်လုံးမှာတော့ယာဉ်မတော်တဆမှုပေါင်း (၅၂၄)မှု ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ကျား ( ၆၉) ဦး နဲ့ မ (၃၉) ဦး စုစပေါင်း (၁၀၈)ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။ 


ဆက်စပ်အကြောင်းအရာများ


Author


က္က