ရခိုင်ပြည်နယ်လွှတ်တော်က အတည်ပြုခဲ့တာပါ။

ရခိုင့် တပ်မတော် AAကိုအကြမ်းဖက်အဖွဲ့အစည်းအဖြစ်ကနေ ပယ်ဖျက်ပေးဖို့တောင်းဆိုတဲ့ အဆိုကို ရခိုင်ပြည်နယ်လွှတ်တော်က အတည်ပြုလိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။

ဒီနေ့ ဇန်နဝါရီ ၁၄ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ ရခိုင်ပြည်နယ်လွှတ်တော်မှာ ဆွေးနွေးခဲ့တာဖြစ်ပြီး AA ကို အကြမ်းဖက်အဖွဲ့အစည်းကနေ ပယ်ဖျက်ပေးဖို့ တင်သွင်းထားတဲ့အဆိုအပေါ် ကန့်ကွက်သူမရှိတာကြောင့် ပြည်နယ်လွှတ်တော်ကနေ အတည်ပြုခဲ့တာဖြစ်တယ်လို့သိရပါတယ်။



"ဦးထွန်းသာစိန်က အဆိုတင်တယ်။AAကို အကြမ်းဖျက်အဖွဲ့အစည်းဆိုတဲ့အမည်နာမတပ်ထားတာကိုပယ်ဖျက်ပေးဖို့ပေါ့။ရခိုင်ပြည်နယ်ငြိမ်းချမ်းရေး၊ရခိုင်ပြည်နယ်ပြည်သူတွေရဲ့လိုအပ်ချက် ဖြစ်တယ်လို့ ပြောထားပါတယ်။

ရခိုင်ပြည်နယ်က ငြိမ်းချမ်းရေး လိုအပ်နေတာမှန်တယ်အဆိုတင်တယ်၊ ဆွေးနွေးတယ် ကိုယ်စားလှယ် ထောက်ခံဆေးနွေးတဲ့ လူ ၆ဦးက ဆွေးနွေးတယ် ပြည်ထောင်စုလွှတ်တော်ကို တိုက်တွန်းတဲ့အဆိုပေါ့။ကန့်ကွက်သူမရှိလို့ လွှတ်တော် အတည်ပြု တယ်"လို့ ရခိုင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းနိုင်ကပြောပါတယ်။

ဒါကြောင့် ပြည်နယ်လွှတ်တော်ကနေ အတည်ပြုလိုက်ပြီဖြစ်လို့ ပြည်ထောင်စု အဆင့်ကနေ ရှေ့ဆက်ပြီး လုပ်ဆောင်ရမှာဖြစ်တယ်လို့သိရပါတယ်။

AAကိုအကြမ်းဖက်အဖွဲ့အစည်းအဖြစ်ကနေ ပယ်ဖျက်ပေးဖို့တောင်းဆိုတဲ့ အဆိုကို ဇန်နဝါရီလ ၁၁ ရက်နေ့က ကျင်းပခဲ့တဲ့ ပြည်နယ်လွှတ်တော်မှာ မြောက်ဦးမြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းသာစိန်က တင်သွင်းခဲ့တာဖြစ်ပါတယ်။

ပြည်နယ်လွှတ်တော်မှာ တင်သွင်းခဲ့တဲ့ အဆိုကတော့ " ပြည်ထောင်စုအစိုးရ၏ အကြမ်းဖက်မူတိုက်ဖျက်ရေး ဗဟိုအဖွဲ့မှအကြမ်း ဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ကြေညာထားသော် ULA/AA အား ငြိမ်းချမ်းရေးတည် ဆောက်နိုင်ရန် အကြမ်းဖက်အဖွဲ့အစည်းအဖြစ်မှ ပယ်ဖျက်ပေးရန် ပြည်နယ်အစိုးရမှတစ်ဆင့် ပြည်ထောင်စုအစိုးရသို့ တိုက်တွန်းသည့်အဆို" ဖြစ်တယ်လို့ သိရပါတယ်။



ဆက်စပ်အကြောင်းအရာများ



က္က