တီးတိန်ကို Stay at Home လုပ်ဖို့ အမျိုးသားကော်မတီကို တင်ပြထားပါတယ်။
Ye Yint Htay

ချင်းပြည်နယ်၊ တီးတိန်မြို့ မှာကိုဗစ်ကူးစက်မှုအခြေအနေက ဒေသတွင်း ကူးစက်မှုများလာနေတာကြောင့် Stay at Home သတ်မှတ်ပြီး ထိန်းချုပ်ရမယ့်အနေအထားဖြစ်နေတယ် လို့ ချင်းပြည်နယ်အစိုးရအဖွဲ့ တာဝန်ရှိသူက ပြောဆိုလိုက်ပါတယ်။

ဒါကြောင့် ဒေသတွင်းကူးစက်မှုကို ထိန်းချုပ်နိုင်ဖို့ တီးတိန်မြို့ကို Stay at Home သတ်မှတ်ပေးရန် ကိုဗစ်ကာကွယ်၊ထိန်း ချုပ်ကုသရေးအမျိုးသားကော်မတီထံကိုတင်ပြထားပြီဖြစ်တယ်လို့သိရပါတယ်။ "လက်ရှိတီးတိန်မှာ အစုလိုက်ကူးစက်မှု တွေဖြစ်နေတာက အပြင်ကနေကူးစက်တာမဟုတ်ဘဲ ရှိပြီးသားရောဂါပိုးကနေ အစုလိုက်အပြုံလိုက် ကူးစက်မှုတွေစတင်နေတယ်လို့ သုံးသပ်လို့ရတယ်။ အဲဒါကြောင့် ဒီအခြေအနေကို ထိန်းချုပ်နိုင်ဖို့က Stay at Home လုပ်ဖို့ကြိုးစားနေတယ်။ တီးတိန်ကို Stay at Home လုပ်ဖို့ အမျိုးသားကော်မတီကို တင်ပြထားတယ်"လို့ ချင်းပြည်နယ်အစိုးရအဖွဲ့လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန်က ပြောပါတယ်။

 တီးတိန်မြို့ကို Stay at Home သတ်မှတ်ဖို့ ကိုဗစ်ကာကွယ်၊ထိန်းချုပ်ကုသရေးအမျိုးသားကော်မတီဆီက ခွင့်ပြုချက်ရတာနဲ့ တရားဝင်ကြေငြာပေးမှာဖြစ်ကြောင်းသိရပါတယ်။ တီးတိန်မြို့မှာ ပိုးတွေ့လူနာဦးရေ မြင့်တက်နေတာကြောင့် တီးတိန်မြို့ကို ခရီးသွားလာခြင်းမပြုရန်နဲ့ တီးတိန်မြို့ကနေ ပြန်လာတာရှိပါကလည်း ကျန်းမာရေးဌာနကို သတင်းပို့ပြီး ညွှန်ကြားချက်အတိုင်း လိုက်နာဆောင်ရွက်ဖို့ ချင်းပြည်နယ် ကျန်းမာရေးဦးစိးဌာနာက သတိပေးထုတ်ပြန်ထားပါတယ်။

တီးတိန်မြို့နေ ပြည်သူတွေအနေနဲ့လည်း ဖျားခြင်း၊ချောင်းဆိုးခြင်း၊မောခြင်း၊ရင်ကြပ်ခြင်း၊ လည်ချောင်းနာခြင်း စတဲ့ လက္ခဏာတွေ ခံစားရပါက အနီးစပ်ဆုံးကျန်းမာရေးဌာနကို သွားရောက်စစ်ဆေးမှု ခံယူရဖို့ပြောဆိုထားပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၃၀ ရက်နေ့ကနေ ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်နေ့အထိဆိုရင် တီးတိန်မှာပိုးတွေ့လူနာ ၆၀ကျော်ရှိတယ်လို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနရဲ့စာရင်းအရသိရပါတယ်။ ချင်းပြည်နယ်တစ် ခုလုံးမှာဆိုရင်တော့ ဒီဇင်ဘာလ ၃၀ ရက်နေ့ကနေ ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်နေ့အထိကို ကိုဗစ်အတည်ပြုလူနာ ၉၀ နီးပါးရှိတယ်လို့သိရပါတယ်။

အလွတ်တန်းသတင်းထောက် ချစ်ခွန်းချိုပေးပို့သော သတင်းဖြစ်ပါသည်။ 


ဆက်စပ်အကြောင်းအရာများ


Author


က္က