ချမ်းအေးသာစံမြို့နယ်အမှတ် (၆) နယ်မြေရဲစခန်းက စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ ဆိုပါတယ်။

ကိုဗစ်ကြောင့် ဈေးရောင်းချခွင့် ယာယီပိတ်ထားတဲ့ မန္တလေးဈေးချိုတော်အတွင်းက လက်ဝတ်ရတနာအဌားဆိုင်တစ်ခု ဖောက်ထွင်းခံရပြီး ငွေကျပ် (၁၂) သိန်းကျော် တန်ဖိုးရှိ လက်ဝတ်ရတနာပစ္စည်းတွေ ဆုံးရှုံးသွားခဲ့တယ်လို့ သိရပါတယ်။

ဒီကနေ့ ဇန်နဝါရီလ (၁၅) ရက် မနက်ပိုင်းက ဖောက်ထွင်းခံခဲ့ရတာဖြစ်ပြီး ထွန်းလှ ရွှေရည်စိန်နဲ့ လက်ဝတ်ရတနာရောင်းဝယ်ရေး မင်္ဂလာဆောင်လက်ဝတ်ရတနာအငှားဆိုင်လုပ်ငန်းက ဖောက်ထွင်းခံခဲ့ရတာဖြစ်တယ်လို့ ဆိုင်ပိုင်ရှင် မဝေမာက Duwun ကိုပြောပါတယ်။ 



"ဆိုင်ဖောက်ခံရတယ်လို့ ပြောလို့ သွားကြည့်တော့ သော့ခတ်ထားတာကို ကလန့်ပြီးတော့ဖျက်ဆီးထားတာတွေ့ရတယ်။ ကြိုးတို့ လက်ကောက်တို့ ပါသွားတယ်၊ တန်ဖိုး (၁၂) သိန်းကျော်ရှိပါတယ် ။ အခုကအမှတ် (၆) ရဲစခန်းမှာသွားအမှုဖွင့်ခဲ့ပါတယ်" လို့ မဝေမာက ဆိုပါတယ်။

အဆိုပါ အမှုနဲ့ ပတ်သက်ပြီး နယ်မြေအပိုင်ရဲစခန်းဖြစ်တဲ့ ချမ်းအေးသာစံမြို့နယ်အမှတ် (၆) နယ်မြေရဲစခန်းက စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ ဆိုပါတယ်။ ကိုဗစ်ကူးစက်မှု ဒုတိယလှိုင်းအတွင်း မန္တလေးဈေးချိုတော်နှင့်တိုက်တန်းကြီး၊ မန်းမြန်မာပလာဇာတို့ကို ယာယီပိတ်သိမ်းထားပြီး ဈေးပိတ်ထားချိန်မှာ ဈေးလုံခြုံရေးတာဝန်ရှိသူတွေက စောင့်ကြပ်ပေးနေတာဖြစ်တယ်လို့လည်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က