စက်ရုံဘက်ကတာဝန်ရှိသူတွေဟာ အလုပ်သမားတွေကို မိုင်းယန်းနယ်စပ်ဂိတ်ကတဆင့်တရားဝင်ချိတ်ဆက်ပို့ဆောင်မပေးဘဲတရားမဝင်ခိုးလမ်းကြောင်းကနေခေါ်ဆောင်ပြီး တောထဲမှာချထားခဲ့တာကြောင့် စစ်ဆေးရေးဂိတ်ကမြန်မာရဲတွေက ဂိတ်ကိုဖြတ်ပြီး သွားလာခွင့်မပေးတဲ့အတွက် တောထဲမှာ ပိတ်မိနေတာ နှစ်ညကျော်နေပြီလို့ဆိုပါတယ်။

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယန်းမြို့၊ တောစပ်ထဲမှာ မြန်မာလုပ်သား ၁၅၀ ကျော် ပိတ်မိနေတယ်လို့ ပိတ်မိခံအလုပ်သမားတွေဆီကသိရပါတယ်။


"ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသက ကျင်းဝါစက်ရုံမှာအလုပ်သွားရောက်လုပ်ကိုင်ကြတဲ့ မြန်မာလုပ်သားတွေဖြစ်ပြီး၊ ကိုဗစ်ရောဂါကြောင့် "ဝ"ဒေသက စက်ရုံတွေလည်ပတ်ခွင့်ပိတ်ထားတဲ့အတွက် စားဝတ်နေရေးအခက်အခဲဖြစ်လို့ ပြန်လာကြတဲ့အလုပ်သမားတွေဖြစ်တယ်လို့သိရပါတယ်။ စက်ရုံဘက်ကတာဝန်ရှိသူတွေဟာ အလုပ်သမားတွေကို မိုင်းယန်းနယ်စပ်ဂိတ်ကတဆင့်တရားဝင်ချိတ်ဆက်ပို့ဆောင်မပေးဘဲတရားမဝင်ခိုးလမ်းကြောင်းကနေခေါ်ဆောင်ပြီး တောထဲမှာချထားခဲ့တာကြောင့် စစ်ဆေးရေးဂိတ်ကမြန်မာရဲတွေက ဂိတ်ကိုဖြတ်ပြီး သွားလာခွင့်မပေးတဲ့အတွက် တောထဲမှာ ပိတ်မိနေတာ နှစ်ညကျော်နေပြီလို့ဆိုပါတယ်။


"ဝဒေသဘက်ကနေမှ ကျွန်တော်တို့ကို ခိုးလမ်းကနေပို့တယ်။ ခိုးလမ်းမှန်းမသိဘူး။ ဒီရောက်တော့မြန်မာရဲတွေကလည်း သူတို့ကိုတရားဝင်မဆက်သွယ်အကြောင်းမကြားဘဲ လာပြီးပစ်သွားတယ်ဆိုပြီး မြန်မာရဲတပ်ဖွဲ့ကနည်းနည်းစိတ်ဆိုးတယ်ပေါ့။ အဲ့ဒါကြောင့် မြန်မာရဲတပ်ဖွဲ့ကတရားဝင် ဝင်ခွင့်ကို သူတို့ဘက်ကလက်မခံဘူး၊ကျွန်တော်တို့ကခုလောလောဆယ်ခိုးဝင်တဲ့ပုံစံဖြစ်နေတယ်ပေါ့။ လောလောဆယ်တော့ရှမ်းစစ်သားတွေကစောင့်ပေးတယ်။အစားအသောက်လည်း ဝေတယ်။ အခုထိဝင်ခွင့်မပေးသေးပါဘူး။မိုင်းယန်းနဲ့မိုင်းခတ်ကြားထဲမှာ ကောင်းစံဂိတ်လို့တော့သိရတယ် သေချာတော့မသိဘူး။"လို့ တောထဲမှာပိတ်မိနေတဲ့ ပြင်ဦးလွင်ဒေသခံ မအေးအေးသင်းကပြောပြပါတယ်။


ကြံခင်းတောထဲမှာ ပိတ်မိနေပြီး စားဝတ်နေရေး အခက်အခဲဖြစ်နေသူ ၁၅၁ ယောက်ရှိပြီး မိန်းကလေးက ၆၁ ယောက်၊ ယောကျ်ားလေးက ၉၀ ပါဝင်တယ်လို့သိရပါတယ်။လလက်ရှိမှာ ပိတ်မိခံနေရတဲ့အလုပ်သမားတွေဟာ သူတို့ရဲ့မိသားစုတွေကို ဆက်သွယ်ပြီး မိသားစုကတဆင့်သက်ဆိုင်ရာတာဝန်ရှိသူတွေကို ချိတ်ဆက်ကာ အဆင်ပြေဖို့ ကြိူးစားနေကြပေမယ့် ခုချိန်ထိတော့ အဆင်ပြေမှုမရှိသေးဘဲ တောထဲမှာပဲရှိနေသေးတယ်လို့သိရပါတယ်။


"စက်ရုံက "ဝ"ဒေသက ထောင်နဲ့ကပ်ရက်ပဲ ၊ ကျွန်တော်က နတ်မောက်ကပါ။ အလုပ်လုပ်နေတာ ၁၀ လကျော်လောက်ရှိပြီ။ မနေ့က လာကြိုတဲ့နယ်က ကားတွေ မိုင်းခတ်အထိလာကြိုတယ်။ ဒါပေမယ့်မိုင်းခတ်မှာ သူတို့ကိုဖြတ်ခွင့်မပေးလို့ ပြန်သွားကြပြီ။ နယ်ဘက်တွေကလည်းချိတ်ဆက်ပေးနေတယ်။ညှိပေးနေတယ်လို့ပြောတယ်။ ကျွန်တော်တို့လည်း ဘာမှသေချာမသိဘူး။"လို့ ပိတ်မိခံနေရတဲ့ အလုပ်သမားတစ်ဦးဖြစ်သူ ကိုစိုးမင်းထွန်းက ပြောပြပါတယ်။


မိုင်းယန်းက တောထဲမှာ ပိတ်မိခံနေရတဲ့အလုပ်သမားတွေဟာ စားဝတ်နေရေးအခက်အခဲဖြစ်နေရသလို၊ ရာသီဥတုက အေးလွန်းတာကြောင့် အတော်လေး အခက်အခဲကြုံနေရတယ်လို့ဆိုပါတယ်။ ပိတ်မိနေတဲ့အလုပ်သမားတွေထဲမှ မကွေးတိုင်း၊ မန္တလေးတိုင်း ၊ရှမ်းပြည်နယ် အပြင် တခြားနေရာတွေက သူတွေပါဝင်နေတယ်လို့သိရပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ စီမံ/ဘဏ္ဍာဝန်ကြီးဦးစိုးညွန့်လွင်ဆီ ဖုန်းဖြင့်ဆက်သွယ်ခဲ့ပေမယ့် ဖြေဆိုဖို့မအားသေးတဲ့အတွက် မနက်ဖြန်မှပြန်ဆက်ပေးဖို့ ပြန်လည်ပြောဆိုခဲ့ပါတယ်။


အလွတ်တန်းသတင်းထောက် ချစ်ခွန်းချိုပေးပို့သော သတင်းဖြစ်ပါသည်။ 



က္က