ရိုက်နှက်ပြီး လုယူသွားသူဟာ မနေ့ကလည်း ပိုက်ဆံလာရောက်တောင်းရမ်းတာမျိုးရှိခဲ့တယ်လို့ သိရပါတယ်။

ပြည်မြို့ ၊ ဆံတော်ရပ်ကွက်၊ ရွှေဟင်္သာလမ်းထဲက နေအိမ်တစ်အိမ်ကို ဝင်ရောက်လုယက်မှုဖြစ်ပွားခဲ့တယ်လို့ ဆံတော်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကသိရပါတယ်။

ဓာတ်ပုံ- ပြည်သတင်း

ဒီကနေ့ ဇန်နဝါရီလ ၁၆ ရက်နေ့ မနက် ၉ နာရီဝန်းကျင်လောက်မှာ သူစိမ်းအမျိုးသားတစ်ဦးက နေအိမ်အတွင်းဝင်ရောက်ကာ နေအိမ်ရှိ အသက်၆၀ အရွယ်အမျိုးသမီးကြီးကို ဝါးတုတ်ဖြင့်ရိုက်နှက်ကာ နားမှာဝတ်ဆင်ထားတဲ့ နားကပ်နဲ့ နောက်ထပ်စိန်နားကပ်တစ်ရံကို လုယူသွားခဲ့တယ်လို့သိရပါတယ်။ ရိုက်နှက်ပြီး လုယူသွားသူဟာ မနေ့ကလည်း ပိုက်ဆံလာရောက်တောင်းရမ်းတာမျိုးရှိခဲ့တယ်လို့ သိရပါတယ်။



"အခုမှရှာတုန်းဖွေတုန်း ဖြစ်တာက ၉နာရီလောက်ကပေါ့။ လူနာကတော့ ဆေးရုံရောက်နေတယ်။အခြေအနေကောင်းပါတယ်။အခုလုယူသွားတဲ့သူကမနေ့က ဒီအိမ်ကို ပိုက်ဆံလာတောင်းရမ်းသွားသေးတယ်လို့ပြောတယ်။ အဲ့ဒီလူလို့ပြောတယ်မှတ်မိတယ်။ အိမ်ပိုင်ရှင်ကဦးကြည် အသက်က၉၀။ သူ့သမီးအရိုက်ခံရတာ။ပုခက်တုတ်နဲ့ရိုက်တော့ မေ့သွားတာပေါ့။ အပြင်သူ့ညီမက ပြန်လာတော့မှ ဘာဖြစ်တာလဲဆိုတော့မှ ငါ့ကိုလုသွားတယ်ပေါ့။"လို့ ဆံတော်ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့က ရာအိမ်မှူးဦးဝင်းမောင်ကပြောပါတယ်။

ဓာတ်ပုံ- ပြည်သတင်း

ဝါးတုတ်နဲ့ အရိုက်ခံခဲ့ရတဲ့ အိမ်ရှင်ရဲ့ သမီးဖြစ်သူကို ပြည်မြို့ကုတင် ၅၀၀ဆံ့ဆေးရုံကြီးကိုပို့ဆောင်ကာ ကျန်းမာရေး စောင့်ရှောက်မှုပေးနေတယ်လို့သိရပါတယ်။ ဆံတော်ရပ်ကွက် အုပ်ချုပ်ရေးမှုးဦးညွန့်နိုင်ကလည်း"မနေ့ကတော့လူတစ်ယောက် ဝင်ပြီးပိုက်ဆံတောင်းသေးတယ်။ ဒီနေ့ကျဝင်ပြီးရိုက်လုတာပေါ့။ အခု CCTV မှတ်တမ်းကြည့်နေကြတယ်"လို့ ပြောပြပါတယ်။လက်ရှိမှာ တော့ တရားခံကိုဖမ်းဆီးရမိဖိူ့အတွက် ပြည်မြို့နယ်ရဲတပ်ဖွဲ့နဲ့ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့က တာဝန်ရှိသူတွေ ပူးပေါင်းပြီး လုယက်ခံရသူနေအိမ်ပတ်ဝန်းကျင်က CCTV မှတ်တမ်းကို ကြည့်ရှုစစ်ဆေးမှုတွေလုပ်နေတယ်လို့သိရပါတယ်။

အလွတ်တန်းသတင်းထောက် ချစ်ခွန်းချိုပေးပို့သော သတင်းဖြစ်ပါသည်။ 


ဆက်စပ်အကြောင်းအရာများ



က္က