လာမယ့် ဇန်နဝါရီလ (၁၉) ရက်မှာ ပြတ်မည်ဟုဆို

လာမယ့် ဇန်နဝါရီလ (၁၉) ရက်မှာ ရန်ကုန်တိုင်းက မြို့နယ် (၁၈) မြို့နယ်မှာ ယာယီရေပြတ်မှာဖြစ်တယ်လို့ ရေရရှိရေးနှင့်ရေပေးဝေရေးလုပ်ငန်းတာဝန်ခံအဖွဲ့က အသိပေးကြေညာလိုက်ပါတယ်။

ယာယီရေပြတ်မယ့် မြို့နယ်တွေက မင်္ဂလာဒုံ၊ အင်းစိန်၊ ရွှေပြည်သာ၊ မြောက်ဥက္ကလာပ၊ ရွှေပေါက်ကံ၊ မရမ်းကုန်း၊ ဗဟန်း၊ ရန်ကင်း၊ တောင်ဥက္ကလာပ၊ ကမာရွတ်၊ သင်္ဃန်းကျွန်း၊ မြောက်ဒဂုံ၊ တောင်ဒဂုံ၊ အရှေ့ဒဂုံ၊ ဒဂုံဆိပ်ကမ်း၊ တာမွေ (မေတ္တာညွှန့်ရပ်ကွက်၊ သာကေတနဲ့ ဒေါပုံမြို့နယ်တွေ ဖြစ်ကြတယ်လို့ သိရပါတယ်။

လှော်ကားပင်ဓာတ်အားခွဲရုံမှ ဓာတ်အားပို့လွှတ်နေတဲ့ 33 KV လှော်ကား၊ အထယု ဓာတ်အားလိုင်းရဲ့ ပထမ (၃) လပတ် ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းတွေကို ဇန်နဝါရီလ (၁၉) ရက်နေ့ မနက် (၉) နာရီကနေ နေ့လယ် (၁၂) နာရီအထိ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းက ဓာတ်အားပိတ်ဆောင်ရွက်မှာ ဖြစ်ပါတယ်။ 

ဒါကြောင့် အဲဒီဓာတ်အားလိုင်းကနေ လျှပ်စစ်ဓာတ်အား သွယ်ယူထားတဲ့ ရန်ကုန်မြို့က ရေပေးဝေနေတဲ့ ငမိုးရိပ်ရေသန့်စင်စက်ရုံ (ညောင်နှစ်ပင်) နဲ့ လဂွန်းပြင် ရေသန့်စင်စက်ရုံမှ ရေတွန်းစက်တွေကို ခေတ္တရပ်နားထားရမယ်ဖြစ်တယ်လို့ ရန်ကုန်မြို့တော်စည်ပင်သာယရေးကော်မတီ ရေရှိရေးနှင့်ရေပေးဝေရေးလုပ်ငန်းက ကြေညာထားတာပါ။

ဒါကြောင့် အဆိုပါ မြို့နယ် (၁၈) မြို့နယ်မှာ ရေအားလျော့နည်းခြင်းတွေ၊ ခေတ္တရေပြတ်တောက်ခြင်းတွေ ဖြစ်ပေါ်နိုင်တာကြောင့် ရေကြိုတင်စုဆောင်းနိုင်ကြဖို့ ကြိုတင်အသိပေးကြေညာထားကြောင်း ထုတ်ပြန်ထားတာဖြစ်ပါတယ်။



က္က