ပြည်တွင်းပြည်ပအလှူရှင် (၇၂၈) ဦးထံက တစ်ပတ်အတွင်း ရရှိတဲ့အလှူငွေ ဖြစ်ပါတယ်။
Htar Htar Wai

ပြည်တွင်း/ ပြည်ပ အလှူရှင်(၇၂၈)ဦးက ဇန်နဝါရီလ ၆ရက်ကနေ ၁၂အထိ ကာကွယ်ဆေးရန်ပုံငွေအတွက် ဖွင့်လှစ်ထားတဲ့ ဘဏ်ငွေစာရင်းကို ထည့်ဝင်လှူဒါန်းခဲ့ကြတာဖြစ်ပြီး လှူဒါန်းငွေစုစုပေါင်း ကျပ် (၁၀,၁၂၆ ဒသမ ၈၅၄) သန်းနှင့် အမေရိကန်ဒေါ်လာ (၂ ဒသမ ၆၇၃) သန်းရရှိထားတယ်လို့ ovid19 ကာကွယ်ဆေးဝယ်ယူရရှိရေးရန်ပုံငွေ စီမံခန့်ခွဲမှုဆပ်ကော်မတီက ဇန်နဝါရီလ ၁၆ ရက်နေ့က ထုတ်ပြန်ကြေညာလိုက်ပါတယ်။

ကိုဗစ်ကာကွယ်ဆေးဝယ်ယူဖို့ နိုင်ငံတော်အစိုးရအနေနဲ့လည်း မတည်ငွေ ကျပ်သန်းတစ်ထောင်ထည့်ဝင်ထားတာကြောင့် ဇန်နဝါရီ ၁၂ရက်အထိ မြန်မာနိုင်ငံမှာ ကိုဗစ်ကာကွယ်ဆေး ဝယ်ယူဖို့ ရန်ပုံငွေ ကျပ် (၁၁,၁၂၆ ဒသမ ၈၅၄) သန်း၊ အမေရိကန် ဒေါ်လာ ၂၅၂ ဒသမ ၆၇၃) သန်း ရရှိပြီး ဖြစ်တယ်လို့ သိရပါတယ်။



မြန်မာနိုင်ငံအတွက် ကိုဗစ်ကာကွယ်ဆေးဝယ်ယူဖို့ လှူဒါန်းချင်သူတွေအနေနဲ့လည်း မြန်မာ့စီးပွားရေးဘဏ် ( နေပြည်တော်) မှာ ဖွင့်လှစ်ထားရှိတဲ့ COVID-19 ကာကွယ်ဆေး ဝယ်ယူရရှိရေးရန်ပုံငွေ (COVID-19 Vaccination Fund)ကို မြန်မာကျပ်ငွေစာရင်း OA 013733 နဲ့ နိုင်ငံခြားငွေစာရင်း EDC 600012 မှာ ထည့်ဝင်လှူဒါန်းနိုင်ပါတယ်။

ထည့်ဝင်လှူဒါန်းကြတဲ့ အလှူရှင်စာရင်းကိုလည်း နေ့စဉ်ထုတ်သတင်းစာတွေမှာ ကြေညာပေးမယ်လို့ Covid19 ကာကွယ်ဆေးဝယ်ယူရရှိရေးရန်ပုံငွေစီမံခန့်ခွဲမှုဆပ်ကော်မတီက ထုတ်ပြန်ထားပါတယ်။ အစိုးရအနေနဲ့ ကိုဗစ်ကာကွယ်ရေးဝယ်ယူနိုင်ရန် မတည်ရန်ပုံငွေအဖြစ် ကျပ်သန်း (၁၀၀၀)နဲ့ အမေရိကန် ဒေါ်လာ သန်း(၂၅၀)ကိုမတည်ထားတယ်လို့ စီမံကိန်း၊ဘဏ္ဍာရေးနဲ့စက်မှု ဝန်ကြီးဌာနက ဇန်နဝါရီလ ၆ ရက်နေ့က ထုတ်ပြန်ကြေညာလိုက်တာပါ။ လှူဒါန်းလိုသူတွေအနေနဲ့ ဆက်သွယ်လှူဒါန်းလိုပါကလည်း ဖုန်းနံပတ် (၀၆၇ ၃၄၁၀၁၅၆ ) နဲ့ (၀၆၇ ၃၄၁၀၁၅၈ )ဖုန်းနံပတ်တွေကိုလည်း ဆက်သွယ်လှူဒါန်းနိုင်မှာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က