ယခုလအတွင်းမှာတင် သေဆုံးလူနာ (၉)ဦးထိရှိနေပြီဖြစ်ပါတယ်။

ဇန်နဝါရီလ (၁၉)ရက်နေ့ထိ၊ မွန်ပြည်နယ်မှာ ကိုဗစ်ကြောင့် သေဆုံးသူ (၃၁)ဦးထိရှိလာကာ ယခင်လတွေကထက် သေဆုံးမှုမြင့်တက်လာတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၀ ဒီဇင်ဘာလကုန်ထိ မွန်ပြည်နယ်မှာ ကိုဗစ်ကြောင့် သေဆုံးမှုက (၂၂)ဦးသာရှိခဲ့ပြီး ယခုလမှာတော့ လဝက်မှာတင်သေဆုံးလူနာ (၃၁)ဦးထိရှိလာခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။ 

“ သေဆုံးမှုက မြင့်တက်လာတာပါ။ သက်ကြီးပိုင်း ရောဂါအခံရှိသူတွေပါပဲ။ သာမန်ရောဂါအခံရှိတဲ့သူတွေဆိုပေမယ့် ကိုဗစ်ကူးစက်ခံရတဲ့အခါမှာ ဒီရောဂါကြောင့် သေဆုံးကြတာပါ။ အခုဒီမှာတင် သေဆုံးသူ (၃၁)ဦးထိရှိလာပြီ။ သေဆုံးနှုန်းက တစ်ရက်တစ်ယောက်နှုန်း၊ နှစ်ရက်တစ်ယောက်နှုန်းသေဆုံးနေတယ်။ သေဆုံးမှုများလာတော့ လက်ရှိရောဂါကူးစက်မှုအခြေအနေက ပြင်းထန်လာတယ်လို့ပြောလို့ရတယ်”လို့ မွန်ပြည်နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဒေါက်တာဝတ်မှုံက Duwun ကိုပြောပါတယ်။

မွန်ပြည်နယ်မှာ ကိုဗစ်ကြောင့်သေဆုံးမှုက စတင်ဖြစ်ပွါးခဲ့စဉ်ကတည်းက ယနေ့ထိ သေဆုံးလူနာ (၃၁)ဦးမှာ ဇန်နဝါရီလထဲမှာတင် သေဆုံးသူက (၉)ဦးရှိခဲ့တာဖြစ်ပါတယ်။ လက်ရှိဆေးကုသမှုခံယူနေတဲ့ လူနာတွေထဲမှာလည်း ပြင်းထန်လူနာများလာတာကြောင့် ကုသရေးပိုင်းတွေမှာလည်းအထူးဂရုတစိုက်ဆောင်ရွက်နေရတယ်လို့ဆိုပါတယ်။

လက်ရှိအချိန်ထိ မွန်ပြည်နယ်မှာ ကိုဗစ်အတည်ပြုလူနာ (၂,၈၉၀)ဦးရှိကာ သေဆုံးလူနာ ( ၃၁)ဦးနဲ့ ဆေးရုံဆင်းခွင့်ရရှိတဲ့လူနာ (၂,၆၀၀)ကျော်ရှိတယ်လို့ သိရပါတယ်။



က္က