ယာဉ်မောင်းက အမျိုးသမီးမောင်းနှင်တာပါ။

မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်မှာ ဒီကနေ့မနက်အစောအပိုင်းက အိမ်စီးကားတစ်စီး ကန်ကြီးရေကန်ထဲထိုးကျမှုဖြစ်ပွါးခဲ့တယ်လို့ သိရပါတယ်။

photo- Myanmar Fire Services Department

ကားကိုပြန်ကွေ့ရာမှာ ယာဉ်မောင်းအမျိုးသမီးအနေနဲ့ လီဗာနဲ့ဘရိတ်မှားနင်းမိပြီး ကန်ကြီးရေကန်အတွင်းကို နောက်ပြန်ထိုးကျသွားတာပါ။



“ ကန်ရေက အနစ်ကြီးမဟုတ်ဘူး ခါးလောက်ပဲရှိတော့ လူလည်းထိခိုက်မှုမရှိဘူး။ ကားကလည်းပြေပြေလေးနောက်ကိုလျှောကျသွားတယ်။ မောင်းတာအမျိုးသမီး၊ ကားပေါ်မှာလည်း သူတစ်ယောက်တည်းပဲပါတာ။ ကားကိုပြန်ကွေ့ဖို့လုပ်တာမှာ နောက်ဆုတ်တာကို လီဗာနဲ့ ဘရိတ်မှားနင်းမိတော့ နောက်ကန်ထဲတစ်ခါတည်းထိုးကျသွားတာ”လို့ ဖြစ်စဉ်အတွင်းသွားရောက်ကူညီခဲ့တဲ့ မုဒုံမီးသတ်စခန်းမှ တပ်ကြပ်ကြီး အောင်မျိုးက Duwunကိုပြောပါတယ်။

ဖြစ်စဉ်က ဒီကနေ့ မနက် (၆)နာရီခွဲလောက်ကဖြစ်ပွါးခဲ့တာဖြစ်ပြီး ယာဉ်မောင်းအမျိုးသမီးက ကန်ကြီးရေကန်ပတ်လမ်းမှာ အားကစားလာလုပ်ပြီးအပြန်မှာဖြစ်ပွားခဲ့တာလို့သိရပါတယ်။ ဖြစ်စဉ်အတွင်းမှာတော့ မုံဒုံမြို့နယ် မီးသတ်တပ်ဖွဲ့ဝင်တွေအပါအဝင် သက်ဆိုင်ရာအဖွဲ့အစည်းများနဲ့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေသွားရောက်ကူညီပေးခဲ့ပြီး မနက် (၈)နာရီခွဲလောက်မှာ အားလုံးဆောင်ရွက်ပြီးစီးနိုင်ခဲ့တယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က