မန္တလေးမြို့အပါအဝင် ရန်ကုန်နဲ့ရခိုင်တို့ဟာ ကိုဗစ်ရောဂါဖြစ်ပွားမှုနှုန်းအများဆုံးနေရာတွေဖြစ်တာကြောင့် အဲဒီနေရာ ၃ ခုကို ကာထိန်းကုဗဟိုကနေ ဦးစားပေးအဆင့်ထဲထည့်သွင်းသတ်မှတ်တာဖြစ်တယ်လို့လည်း သိရပါတယ်။

ကိုဗစ်ကာကွယ်ဆေးရခဲ့ရင်မန္တလေးပြည်သူတွေက ဦးစားပေးထိုးရမယ့်အထဲပါဝင်တယ်လို့ အန်အယ်လ်ဒီပါတီဒုတိယဥက္ကဋ္ဌ၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ကပြောပါတယ်။


"မန္တလေးဘယ်လောက်ရမလဲဆိုတာက သူတို့ပြောတဲ့အထဲမှာတော့ First ပေါ့နော် Covid-19 အဖြစ်များတဲ့ဧရိယာဆိုတော့ ရန်ကုန် မန္တလေး ရခိုင် သေချာတာကတော့ ဒါပဲ၊ ငြင်းလို့မရဘူးလေ ဟုတ်တယ်မလား၊ တခြားနေရာတွေထက်စာရင် ဧရိယာဖြစ်တာများတယ် အဲဒီတော့ Vaccine ရလာရင် ဒီဧရိယာတွေ ကပိုဦးစားပေးရလာမှာပါ" လို့ ၎င်းကဆိုပါတယ်။

မြန်မာနိုင်ငံဆရာဝန်များအသင်း(မန္တလေးတိုင်းဒေသကြီး)မှာ မနေ့ကပြုလုပ်တဲ့ Fever Clinic စေတနာ့ဝန်ထမ်းများအားဂုဏ်ပြုအခမ်းအနားအပြီး သတင်းထောက်တွေနဲ့တွေ့ဆုံစဉ်ဝန်ကြီးချုပ်ကပြောတာပါ။


မန္တလေးမြို့အပါအဝင် ရန်ကုန်နဲ့ရခိုင်တို့ဟာ ကိုဗစ်ရောဂါဖြစ်ပွားမှုနှုန်းအများဆုံးနေရာတွေဖြစ်တာကြောင့် အဲဒီနေရာ ၃ ခုကို ကာထိန်းကုဗဟိုကနေ ဦးစားပေးအဆင့်ထဲထည့်သွင်းသတ်မှတ်တာဖြစ်တယ်လို့လည်း သိရပါတယ်။ "Priority အနေနဲ့လုပ်မှာပေါ့၊ ဆိုလိုချင်တာက ကျန်းမာရေးဝန်ထမ်းတွေ တကယ်စစ်မြေပြင်ထွက်နေတဲ့သူတွေ၊ သူတို့ကတော့ဦးစားပေးမှာပါ၊ နောက်တစ်ခုက အစိုးရ ဝန်ထမ်း၊ တကယ့် အဲဒါတွေပါမှာပါ၊ ဘာပဲပြောပြောကျွန်တော်တို့ စေတနာရှင်တွေကနေပေးတာတွေနဲ့ဆိုရင် Public က ကျွန်တော်ထင်တယ်၊ ကျွန်တော်တို့နိုင်ငံအတွက်သိပ်မဆိုးပါဘူး "လို့လည်း ဝန်ကြီးချုပ်ကပြောပါတယ်။


လက်ရှိမှာတော့ မြန်မာနိုင်ငံက အိန္ဒိယနိုင်ငံကနေဝယ်ယူထားတဲ့ COVISHIELD အမည်ရ ကိုဗစ်ကာကွယ်ဆေး သန်း ၃၀ ထဲက ၁၅ သိန်းက ဒီကနေ့ မှာပဲ မြန်မာနိုင်ငံဆီကိုရောက်ရှိလာမှာဖြစ်တယ်လို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က မနေ့ကပဲပြောဆိုထားပါတယ်။ အဲဒီကိုဗစ်ကာကွယ်ဆေးက Oxford ကတီထွင်ထုတ်လုပ်ပြီး အိန္ဒိယနိုင်ငံ Serum Institute of India ကတစ်ဆင့်ထုတ်လုပ်ရောင်းချတာဖြစ်တယ်လို့သိရပါတယ်။



က္က