လက်ရှိအလှူငွေရရှိငွေ (၁၈)ဘီလီယံကျော်သွားပါပြီ။

ကိုဗစ်ကာကွယ်ဆေး ဝယ်ယူနိုင်ရန်အတွက် နိုင်ငံတော်က ပြည်သူတွေထံက အလှူငွေတွေကောက်ခံခဲ့ရာမှာ အစိုးရမတည်ငွေထက်ပိုပြီး (၁၇)ဆပိုမိုလှူဒါန်းထားတယ်လို့ သိရပါတယ်။

နိုင်ငံတော်က ကိုဗစ်ကာကွယ်ဆေးဝယ်ယူဖို့ မတည်အလှူငွေအဖြစ် ငွေကျပ်၁ဘီလီယံမတည်ခဲ့ရာမှာ လက်ရှိမှာတော့ ပြည်သူတွေရဲ့အလှူငွေအားလုံးစုစုပေါင်း ၁၈ဘီလီယံကျော် ရရှိထားပြီဖြစ်တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကပြောပါတယ်။



“ ကိုဗစ်ကာကွယ်ဆေးအတွက် ရန်ပုံငွေကို အလှူရှင်တွေက စေတနာတွေနဲ့ ဝိုင်းပြီးတော့ ထည့်တာဟာ ၁၈.၇၈၁ဘီလီယံရရှိနေပါပြီ။ ကျွန်မတို့ပြည်သူတွေ ဘယ်လောက်ရက်ရောလဲဆိုတာသိနိုင်ပါတယ်။ ဒါကကျပ်ငွေနဲ့ပါ။ အမေရိကန်ဒေါ်လာနဲ့ဆိုရင်လည်း ကျွန်မတို့နိုင်ငံတော်က သန်း (၂၅၀)မတည်လိုက်တယ်။ ပြည်သူတွေဝိုင်းထည့်တာကလည်း ၂.၉၇သန်းကျော်သွားပြီဆိုတော့ ဒါကအခြေအနေကောင်းတယ်လို့”အတိုင်ပင်ခံက ကိုဗစ် ၁၉ ဖြစ်ပွါးမှု နောက်ဆုံးအခြေအနေနဲ့ စပ်လျဉ်းပြီး ပြည်သူတွေကိုအစီရင်ခံတဲ့မိန့်ခွန်းမှာထည့်သွင်းပြောကြားခဲ့တာပါ။

အလှူငွေတွေကိုလည်း ထိုက်ထိုက်တန်တန်နဲ့ ပြည်သူတွေရဲ့ ကျန်းမာရေးကာကွယ်နိုင်အောင် ကာကွယ်ဆေးထိုးနှံပေးဖို့အတွက် ဆောင်ရွက်သွားမယ်လို့လည်းဆိုပါတယ်။ ငွေတွေကို အဖိတ်အစင်မရှိအောင် သုံးစွဲသွားမှာဖြစ်ပြီး ကာကွယ်ဆေးကိုလည်း ပြည်သူတွေ ဦးစားပေးအဆင့်လိုက်ထိုးနှံပေးသွားမယ်လို့သိရပါတယ်။

ဒီကနေ့ ပထမအသုတ်အနေနဲ့ ရောက်ရှိလာမယ့် ကာကွယ်ဆေးကိုတော့ ကျန်းမာရေးဝန်ထမ်းတွေ အစိုးရအဖွဲ့ဝင်တွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို ထိုးနှံပေးသွားမယ်လို့ အတိုင်ပင်ခံကအတည်ပြုပါတယ်။ နောက်ထပ်ရောက်ရှိလာမယ့် ဆေးတွေကိုတော့ နေရာဒေသအလိုက် ကူးစက်မှုနဲ့ လူဦးရေပေါ်မုတည်ပြီး ထိုးနှံပေးသွားရာမှာ ရန်ကုန်၊မန္တလေးနဲ့ ရခိုင်ကို ဦးစားပေးထိုးနှံပေးသွားမယ်လို့လည်းသိရပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က