လုယက်သွားခြင်းခံခဲ့ရတဲ့ ပစ္စည်းတွေကိုပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၈ ရက်နေ့မနက်ပိုင်းမှာတစ်ကြိမ်၊ ဒီကနေ့ ဇန်နဝါရီလ ၂၃ ရက်နေ့မနက်ပိုင်းမှာတစ်ကြိမ် စုစုပေါင်းနှစ်ကြိမ်တိုင်တိုင် နေအိမ်အနီးကို လာရောက်ပစ်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။
Ye Yint Htay

ပြည်မြို့မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ၁၆ ရက်နေ့က ဖြစ်ပွားခဲ့တဲ့နေအိမ်အတွင်းဝင်ရောက်ရိုက်နှက်ပြီး ပစ္စည်းတွေလုယူသွားတဲ့လုယက်မှုမှာယူဆောင်သွားတဲ့ ရွှေထည်လက်ဝတ်ရတနာတွေကိုနေအိမ်အနီးမှာလာရောက်ပစ်ထားတာကြောင့် ပစ္စည်းတွေ ပြန်လည်ရရှိပြီဖြစ်တယ်လို့ပြည်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းဇော်ဝင်းက ပြောပြပါတယ်။

Photo: ပြည်မြို့နယ် ရဲတပ်ဖွဲ့

လုယက်သွားခြင်းခံခဲ့ရတဲ့ ပစ္စည်းတွေကိုပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၈ ရက်နေ့မနက်ပိုင်းမှာတစ်ကြိမ်၊ ဒီကနေ့ ဇန်နဝါရီလ ၂၃ ရက်နေ့မနက်ပိုင်းမှာတစ်ကြိမ် စုစုပေါင်းနှစ်ကြိမ်တိုင်တိုင် နေအိမ်အနီးကို လာရောက်ပစ်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။ "အသေးစိတ်ကို ရဲတပ်ဖွဲ့ကနေ သေချာစိစစ်လိုက်တော့ CCTV မှတ်တမ်းတွေလဲကြည့်တယ်။ CCTV မှတ်တမ်းကိုငါတို့က ခြေတစ်လှမ်းချင်းနဲ့ အဲ့ဒီအိမ်ပေါက်ဝရောက်တဲ့အထိသွားတယ်၊ မြင်ရလား၊တွေ့ရလားစသဖြင့် လက်တွေ့ကျကျလုပ်ကြည့်တယ်။ အဲ့အချိန်မှာ ဘယ်သူမှသွားတာလာတာမတွေ့ရဘူး။ရဲတပ်ဖွဲ့ကတော့ စေတနာမေတ္တာထားပြီးပဲ အကောင်းဆုံးဖြစ်အောင်ဆောင်ရွက်နေတယ်"လို့ရဲတပ်ဖွဲ့မှူးရဲမှူးသန်းဇော်ဝင်းက ပြောပြပါတယ်။

Photo: ပြည်မြို့နယ် ရဲတပ်ဖွဲ့

ဒါ့အပြင် ဝါးတုတ်ဖြင့်ရိုက်နှက်ခံခဲ့ရလို့ ဆေးရုံကိုပို့ဆောင်ခဲ့ရတဲ့ အမျိုးသမီးရဲ့ ဆေးစစ်ချက်အဖြေမှာလည်း အရိုက်ခံရတာမဟုတ်ကြောင်း၊ရိုက်ခံရတဲ့ ဒဏ်ရာဒဏ်ချက်မတွေ့ရှိရဘူးလို့သိရပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး လုယက်ခံခဲ့ရတဲ့နေအိမ်ရှိရာ ဆံတော်ရပ်ကွက် ရာအိမ်မှုး ဦးဝင်းမောင်က"ဒီနေ့မနက်လည်း ပစ္စည်း လာချတယ်။ ဒီနေ့က နားကပ်နှစ်ရံနဲ့ ဘယက်ပေါ့။ဟိုတစ်နေ့ကလည်း တွေ့တယ်။ လက်ကောက်နဲ့ နားကပ်နဲ့။ တရားခံကတော့မမိဘူး။ ဓာတ်သိထဲကမို့ ပြန်လာပစ်လားမပြောတတ်ဘူး။"လို့ သုံးသပ်ပြောပြပါတယ်။

Photo: ပြည်မြို့နယ် ရဲတပ်ဖွဲ့

လုယက်မှုကတော့ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၆ ရက်နေ့ကပြည်မြို့ ၊ ဆံတော်ရပ်ကွက်၊ ရွှေဟင်္သာလမ်းထဲက နေအိမ်တစ်အိမ်မှာဖြစ်ပွားခဲ့တာဖြစ်ပြီး၊ အခင်းဖြစ်ပွားတဲ့နေ့ကတော့ အမည်မသိအမျိုးသားတစ်ဦးကနေအိမ်အတွင်း ဝင်ရောက်ကာ ရိုက်နှက်လုယက်မှုပြုလုပ်ခဲ့တာဖြစ်တယ်လို့ သတင်းရရှိထားတာဖြစ်ပါတယ်။ ဒါ့ကြောင့် နေအိမ်အတွင်း ဝင်ရောက်ရိုက်နှက်ပြီး ပစ္စည်းလုယူခံရတယ်ဆိုတဲ့ အပေါ် အတွင်းသိသူတစ်ဦးဦးကလုပ်ဆောင်ခြင်းဖြစ်နိုင်တယ်လို့ ဒေသခံပြည်သူတွေက ဝေဖန်ပြောဆိုမှုတွေရှိနေပါတယ်။


အလွတ်တန်းသတင်းထောက် ချစ်ခွန်းချိုပေးပို့သောသတင်းဖြစ်ပါသည်။ 


Author


က္က