အလုပ်သမားတွေကို အလုပ်ကနေထွက်ခွင့်ပေးလိုက်တဲ့အတွက် အလုပ်ရှင်ဘက်က ၎င်းအပေါ် စွဲဆိုထားတဲ့ အမှုတွေကို ပိတ်သိမ်းပေးဖို့တောင်းဆိုမှုရှိပေမယ့် လက်ရှိမှာတော့ အမှုကိုရုပ်သိမ်းတာမျိုးမရှိသေးဘဲ ၊ဥပဒေကြောင်းအရဆက်သွားဖို့စီစဉ်နေတယ်လို့သိရပါတယ်။

လှည်းကူးမြို့နယ်၊  ညော င်နှစ်ပင် ဘဲမွေးမြူရေးခြံမှာ ပိတ်လှောင်ခံထားရတဲ့ ရခိုင်စစ်ရှောင် အလုပ်သမား ၄ ဦးကို ပိတ်လှောင်ထားမှုကနေ ပြင်ပကို ပြန်လည်ခေါ်ယူနိုင်ခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။ 

ခုလို အလုပ်သမားတွေခေါ်ယူနိုင်ဖို့အတွက် အလုပ်ရှင်နဲ့ အတိုက်အခံပြောဆိုခဲ့ရကြောင်း၊ အလုပ်သမားတွေကို ညောင်နှစ်ပင် စိုက်ပျိုးမွေးမြူရေးအထူးစီးပွားရေး ဇုံ၁ကော်မတီရုံးမှာ မနေ့က ဇန်နဝါရီလ ၂၃ ရက်နေ့ ညနေမှာ တွေ့ဆုံပြီး လွှဲပြောင်းခေါ်ဆောင်ခဲ့တာဖြစ်တယ်လို့ အလုပ်သမားတွေကို လိုက်ပါကူညီပေးနေတဲ့ ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့ (ဥပဒေအထောက်အကူပြုဌာန)မှ ကိုအောင်သူ ကပြောပါတယ်။ 

"မနေ့ကည၇ကျော်ကပြန်လွတ်ပါတယ်။မနေ့ကတော့ အလုပ်သမားတွေမိသားစုထံပြန်နိုင်ရေးကို အဓိကထားညှိနှိုင်းဖြစ်တယ်။အနည်းဆုံးလုပ်ခလစာအောက်လျှော့နည်းနေတာတော့တွေ့ရတယ်အလုပ်သမားတွေကျမ်းမာရေးထိခိုက်နေတာလည်းတွေ့ရတယ်။ အလုပ်သမားဥပဒေအရဆက်လက်ဆောင်ရွက်သွားပါမယ်၊သိမ်းထားတဲ့မှတ်ပုံတင်တွေကိုတော့ မနေ့ကကျွန်တော်တို့ရှေ့မှာဘဲပြန်ပေးလိုက်တာတွေ့ပါတယ်အလုပ်သမားတွေကတော့ အခု စစ်ဘေးရှောင်စခန်းမှာပါဘဲခင်ဗျ၊"လို့ ကိုအောင်သူကပြောပါတယ် ။

ဓာတ်ပုံ - ကိုအောင်သူ

အလုပ်သမားတွေကို အလုပ်ကနေထွက်ခွင့်ပေးလိုက်တဲ့အတွက် အလုပ်ရှင်ဘက်က ၎င်းအပေါ် စွဲဆိုထားတဲ့ အမှုတွေကို ပိတ်သိမ်းပေးဖို့တောင်းဆိုမှုရှိပေမယ့် လက်ရှိမှာတော့ အမှုကိုရုပ်သိမ်းတာမျိုးမရှိသေးဘဲ ၊ဥပဒေကြောင်းအရဆက်သွားဖို့စီစဉ်နေတယ်လို့သိရပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး လှည်ကူး စစ်ရှောင်စခန်း တာဝန်ခံ ဦးအေးလှိုင်ကိုဆက်သွယ်မေးမြန်းခဲ့ရာ""အလုပ်သမားတွေက ခုပြန်ရောက်ပါပြီ။ ကျွန်တော်ကအမှုဖွင့်ထားတယ်။အမှုကိုပိတ်မထားဘူး။သူတို့ကကျွန်တော့်ကို စော်ကားမော်ကား မိုက်မိုက်ရိုင်းရိုင်းပြောတာကို ကျွန်တော််ဘက်ကဘယ်လိုမှမကျေအေးနိုင်ဘူး။ ကလေးတွေကို ညဘက်တွေပါအချိန်ပိုတွေခိုင်းလို့ လာခေါ်ဖို့ပြောလို့သွားခေါ်တော့ ကိုယ်ထိလက်ရောက်လုပ်တာအထိရှိတယ်"လို့ ပြောပါတယ် ။

 လက်ရှိမှာတော့ စစ်ဘေးရှောင်အလုပ်သမား ၄ ဦးကိစ္စနဲ့ပတ်သက်ပြီး ဘဲမွေးမြူရေးခြံတာဝန်ရှိသူကို ညောင်နှစ်ပင်(ဂ) နယ်မြေရဲစခန်းမှာ ပနံပါတ် ၂ ပုဒ်မ ၃၄၁၊  ၅၀၆ ဖြင့် အမှု ဖွင့် ထားတယ်လို့သိရပါတယ်။ ပုဒ်မ ၃၄၁ မှာ မတရားတားဆီးကန့်ကွက်မှုအတွက်ပြစ်ဒဏ်ဖြစ်ပြီး၊ ပုဒ်မ ၅၀၆ မှာ ရာဇဝတ်မကင်းသောခြောက်လှန့်မှု အတွက်ပြစ်ဒဏ်ဖြစ်တယ်လို့် သိရပါတယ်။ 

အလုပ်သမား ၄ ဦးသည် ဘဲမွေးမြူရေးခြံမှာ အလုပ်လုပ်ကိုင်စဉ် ညဘက်တွေအထိပါ အချိန်ပိုခိုင်းစေခြင်းခံရတာကြောင့် ကျန်းမာရေးထိခိုက်မှုတွေလည်းရှိခဲ့ပေမယ့် လုပ်ခလစာကိုတော့ အလုပ်ရှင်ဘက်က တစ်ရက်ကို ၄၂၀၀ ဝန်းကျင်နဲ့တွက်ပြီး ၂၁ ရက်အတွက်စာ ထုတ်ပေးတယ်လို့သိရပါတယ်။

အလွတ်တန်းသတင်းထောက် ချစ်ခွန်းချို ပေးပို့ထားသော သတင်းဖြစ်ပါသည်။



က္က