Saint Sandy Htet

မျိုးဆက်ပွားဆိုင်ရာ ကျန်းမာရေး ဗဟုသုတတွေနဲ့ ရယူနိုင်တဲ့ အခွင့်အရေးတွေကို မြန်မာနိုင်ငံအတွင်းက လူငယ်တွေအနေနဲ့ လက်လှမ်းမီသိရှိစေနိုင်ဖို့ အသိပညာပေးလုပ်ငန်းတွေကို အဖွဲ့အစည်းတွေ၊ မီဒီယာတွေက တစ်ဆင့် ဖော်ဆောင်ပေးဖို့ လိုအပ်လျက်ရှိနေပါတယ်။ဒီလို ကျန်းမာရေးအသိပညာတွေ သိရှိမှု နည်းပါးနေတာကြောင့် အမျိုးသမီးငယ်တွေမှာ အရွယ်အတိုင်မီကလေးမွေးဖွားမှုနှုန်းတွေ မြင့်တက်နေတာကိုလည်း တွေ့ရပါတယ်။ ဒါ့အပြင် အမျိုးသမီးငယ် ငါးဦးမှာ တစ်ဦးက ကိုယ်ဝန်ဆောင်ချိန်နဲ့ မီးဖွားချိန်အတွင်း ကျန်းမာရေးအန္တရာယ်တွေ ကြုံတွေ့ရခြင်းတို့ကြောင့် အသက်သေဆုံးမှုတွေလည်း ရှိနေပါတယ်။


အထက်မှာ ဖော်ပြခဲ့သလို ဖြစ်ရပ်မျိုးတွေ လျော့ပါးသွားအောင် မျိုးဆက်ပွားဆိုင်ရာ ဗဟုသုတတွေနဲ့ ကိုယ်သိလိုရာတွေကို လူငယ်တွေအနေနဲ့အ လွတ်လပ်စွာလိုရာမေးမြန်းနိုင်ဖို့ Thiloyarmay Website ရှိနေပါပြီ။ Thiloyarmay က ဒီလို အွန်လိုင်းမှာ ဗဟုသုတွေကို မျှဝေတာတွေအပြင် DIGITAL ALLY Agency နဲ့အတူ လက်ရှိမှာ လူငယ်တွေကြား လွှမ်းမိုးမှုရှိနေတဲ့ We In Your Areas, Do Something Pls စတဲ့ Influencer တွေနဲ့အတူ လက်တွဲပြီး Social Media Platform တွေကနေတစ်ဆင့် မျိုးဆက်ပွားဆိုင်ရာ ကျန်းမာရေး ဗဟုသုတတွေပေးသွားဖို့လည်း စီစဉ်လျက်ရှိကြောင်း သိရပါတယ်။

ဒါ့အပြင် Thiloyarmay အနေနဲ့ အခြား လူငယ် Influencer တွေနဲ့အတူ ပူးပေါင်းပြီးတော့လည်း လူငယ်တိုင်း သိသင့်သိထိုက်တဲ့ မျိုးဆက်ပွား ကျန်းမာရေးဆိုင်ရာ အကြောင်းအရာတွေကို စိတ်ဝင်စားပျော်ရွှင်စရာ ဗီဒီယိုဇာတ်လမ်းတိုတွေ စီစဉ်ရိုက်ကူးလျက်ရှိနေပါတယ်။ချစ်သူတို့ဘဝ ဘေးကင်းလုံခြုံစေမယ့် သားဆက်ခြားခြင်းနဲ့ ပတ်သတ်တဲ့ အသိပညာတွေ အပြင် လူငယ်တွေ ရွေးချယ်နိုင်တဲ့ အခွင့်အရေးအကြောင်းတွေကို ကျယ်ကျယ်ပြန့်ပြန့် သိရှိလာစေဖို့ Thiloyarmay Website မှာ ဆောင်းပါးတွေတင်ပေးတာ အပြင် အခြား နည်းလမ်းတွေနဲ့လည်း အနာဂတ်မှာ တင်ဆက်ပြသပေးသွားဖို့ ကြိုးစားဆောင်ရွက်နေပါတယ်။

ဒီဆောင်းပါးကို ဖတ်ရှုနေတဲ့ Duwun စာဖတ်ပရိသတ်တွေအနေနဲ့ မျိုးဆက်ပွားဆိုင်ရာ ကျန်းမာရေး ဗဟုသုတတွေကို လေ့လာဖတ်ရှုလိုတယ်ဆိုရင် https://www.thiloyarmay.org/ မှာ သိလိုရာကို မေးမြန်းရင်း‌ ဆောင်းပါးတွေဖတ်ရှုနိုင်သလို Facebook Page ဖြစ်တဲ့ https://www.facebook.com/Thiloyarmay မှာလည်း မေးမြန်းလေ့လာနိုင်ပါတယ်။


#တိုးတိတ်တိုင်ပင်ဆွေးနွေးဖို့

#ဒေါက်တာဒီနဲ့ဆွေးနွေးစို့


ဤဆောင်းပါးကို Thiloyarmay မှကူညီပံ့ပိုးပေးပါသည်။


Author


က္က