ရောဂါဖြစ်ပွားမှု ကျဆင်းနေပြီဖြစ်ပေမယ့်လည်း ကျန်းမာရေးလမ်းညွှန်ချက်တွေနဲ့အညီ ဆက်လက်နေထိုင်သွားကြဖို့လိုပါတယ်။

မန္တလေးမြို့မှာ ကိုဗစ်အတည်ပြုလူနာ တွေ့ရှိမှုလျော့ကျသွားပြီဖြစ်လို့ ဆေးရုံနဲ့ကွာရန်တင်းစင်တာတချို့ပိတ်သိမ်းနေပြီဖြစ်သလို ကုသရေးစင်တာတွေ လည်း ပိတ်သိမ်းသွားဖို့ ပြင်ဆင်နေပြီဖြစ်တယ်လို့ မန္တလေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနကနေ သိရပါတယ်။

"လူနေထူတယ်ဆိုတဲ့မြို့နယ်တွေမှာတောင် ပိုးတွေ့မှုနှုန်းကကျလာပြီ၊ အဲဒီမှာကွာရန်တင်းစင်တာ ၅ ခုလောက်ပိတ်သိမ်းလိုက်တာရှိတယ်၊ ဒီတော့ ကျွန်မတို့လည်း ကုသရေးစင်တာ ၅ ခုလောက်ပိတ်သိမ်းဖို့လျာထားပါတယ်၊ လျာထားတဲ့စင်တာတွေထဲမှာ လူနာဆက်မထားတော့ပါဘူး" လို့ ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၊ တိုင်းဦးစီးမှူးဆရာဝန်ကြီး ဒေါက်တာသန်းသန်းမြင့်ကပြောပါတယ်။



ပိတ်သိမ်းသွားမယ့်ကုသရေးစင်တာတွေကတော့ အောင်မြေသာစံမြို့နယ်မှာဆိုရင် ခုတင် ၁၀၀ ဆံ့တိုင်းရင်းဆေးရုံ၊ ပုသိမ်ကြီးမြို့နယ်မှာ ပုသိမ်ကြီးဆေးရုံဝင်းထဲဖွင့်ထားတဲ့ကုသရေးစင်တာနဲ့လက်သစ်ကျေးရွာနားက MSG ကုသရေးစင်တာ၊ ချမ်းမြသာစည်မြို့နယ်မှာ သူနာပြုတက္ကသိုလ်အနံ့ပျောက်ကုသရေးဌာန၊ ပြင်ဦးလွင်မြို့နယ်မှာ ဇီးပင်ကြီးဗဟိုဝန်ထမ်းတက္ကသိုလ်ထဲက ခုတင် ၅၀ ဆံ့ကုသရေးစင်တာတို့ဖြစ်တယ်လို့သိရပါတယ်။

"ဒီကုသရေးစင်တာတွေပိတ်သိမ်းဖို့အတွက်က ကျွန်မတို့ မန္တလေးတိုင်းဒေသကြီးအစိုးရရဲ့ခွင့်ပြုချက်ရရှိထားပြီးဖြစ်သလို ကျန်းမာရေးဝန်ကြီးဌာနဆီလည်း တင်ပြထားပြီးပါပြီ၊ ရောဂါဖြစ်ပွားမှုကျဆင်းနေပြီဖြစ်ပေမယ့်လည်း ကျန်းမာရေးလမ်းညွှန်ချက်တွေနဲ့အညီပဲ ဆက်လက်နေထိုင်သွားကြဖို့လိုပါတယ်" လို့လည်း ဆရာဝန်ကြီးဒေါက်တာသန်းသန်းမြင့်ကတိုက်တွန်းပြောပါတယ်။

မန္တလေးမြို့မှာ ကုသရေးစင်တာတွေဖွင့်လှစ်ချိန်ကနေ လက်ရှိပိတ်သိမ်းချိန်အထိ ခုတင် ၁၀၀ ဆံ့တိုင်းရင်းဆေးရုံမှာ ၇၃၃ ယောက်၊ MSG ကုသရေးစင်တာမှာ ၂၂၁ ယောက်၊ ပုသိမ်ကြီးဆေးရုံမှာ ၂၉၃ ယောက်၊ ဇီးပင်ကြိးဗဟိုဝန်ထမ်းတက္ကသိုလ်ခုတင် ၅၀ ဆံ့ကုသရေးဆေးရုံမှာ ၂၇၂ ယောက်နဲ့ သူနာပြုတက္ကသိုလ်အနံ့ပျောက်ကု သရေးဌာနမှာ ၁,၃၆၇ ယောက်စုစုပေါင်း ၂,၈၈၆ ယောက် လက်ခံကုသပေးခဲ့ပြီးဖြစ်တယ်လို့လည်းသိရပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က