ဆေးရုံတွေမှာ တာဝန်ထမ်းဆောင်တဲ့ ကျန်းမာရေးဝန်ထမ်းတွေကို သက်ဆိုင်ရာမြို့နယ် ဆေးရုံတွေမှာထိုးနှံပေးမှာဖြစ်ပါတယ်။
Ei Ei Mar

ရခိုင်ပြည်နယ်က ကျန်းမာရေးဝန်ထမ်းတွေကို မနက်ဖြန် ဇန်နဝါရီလ ၂၇ ရက်နေ့မှာ ကိုဗစ်ကာကွယ်ဆေး စတင်ထိုးနှံပေးမှာဖြစ်တယ်လို့ ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်ကပြောပါတယ်။



ကိုဗစ်ကာကွယ်ဆေးကို ရခိုင်ပြည်နယ်ထဲက ပြည်သူ့ကျန်းမာရေးဦးစီး ဌာန၊ ဆေးရုံ တွေမှာတာဝန်ထမ်းဆောင်နေတဲ့ ကျန်းမာရေးဝန်ထမ်း ၄၀၀၀ ကျော်ကို ထိုးနှံပေးမှာဖြစ်တယ်လို့သိရပါတယ်။

ဓာတ်ပုံ - အိန္ဒိယသံရုံး

"မနက်ဖြန်ဆေးထိုးဖို့စီစဉ်ထားတယ်။ ပြည်နယ်တစ်ခုလုံးမှာ မြို့နယ်တွေမှာ သူ့ဆေးရုံတွေမှာထိုးမယ်။စစ်တွေဆေးရုံကဝန်ထမ်းတွေ စစ်တွေဆေးရုံမှာထိုးမယ်၊မြို့နယ်ကျန်းမာကဝန်ထမ်းတွေ မြို့နယ် ကျန်းမာမှာထိုးမယ်။ပြည်နယ်ကျန်းမာကဝန်ထမ်းတွေပြည်နယ်ကျန်းမာမှာထိုးမယ်။ဆေးထိုးစုရပ်သုံးရပ်နဲ့ထိုးမယ်"လို့ ဒေါက်တာစိုးဝင်းပိုင်ကပြောပါတယ်။

 ဒါ့ကြောင့် ဆေးရုံတွေမှာ တာဝန်ထမ်းဆောင်တဲ့ ကျန်းမာရေးဝန်ထမ်းတွေကို သက်ဆိုင်ရာမြို့နယ် ဆေးရုံတွေမှာထိုးနှံပေးမှာဖြစ်ပြီး၊ ပြည်သူ့ကျန်းမာရေးဦးစီး ဌာနက ဝန်ထမ်းတွေကိုလည်း သက်ဆိုင်ရာနေရာမှာထိုးနှံပေးမှာဖြစ်တယ်လို့သိရပါတယ်။

ကိုဗစ်ကာကွယ်ဆေးတွေက ရခိုင်ပြည်နယ်ကို ရောက်ရှိနေတာဟာ ၃ ရက်လောက်ရှိနေပြီဖြစ်တယ်လို့သိရပါတယ်။

ပထမအသုတ်အနေနဲ့ ရောက်ရှိလာတဲ့ ကိုဗစ်ကာကွယ်ဆေး ၁.၅ သန်းကို ဇန်နဝါရီလ (၂၄) ရက်မှာ တိုင်း/ပြည်နယ်အသီးအသီးက ကာကွယ်ဆေးသိုလှောင်ရာ အအေးခန်းတွေကို ရန်ကုန်ကနေ ပို့ဆောင်ပေးခဲ့တာဖြစ်ပြီး ဇန်နဝါရီ (၂၇) ရက်မှာ ကျန်းမာရေးဝန်ထမ်းတွေကို ပထမဦးစားပေးအနေနဲ့ ကိုဗစ်ကာကွယ်ဆေး စတင်ထိုးနှံပေးမှာဖြစ်ပါတယ်။ 

အလွတ်တန်းသတင်းထောက် ချစ်ခွန်းချို ပေးပို့ထားသော သတင်းဖြစ်ပါသည်။


ဆက်စပ်အကြောင်းအရာများ


Author


က္က