ကျသင့်ငွေ (၁,၁၅၅၀) ကျပ်ကို ကင်းလွတ်ခွင့် (အခမဲ့) ပေးသွားမှာဖြစ်တယ်လို့ဆိုပါတယ်။

ဇန်နဝါရီလလအတွင်း ယူနစ် (၁၅၀) ဓာတ်အားခအတွက် ကျသင့်ငွေ (၁,၁၅၅၀) ကျပ်ကို ကင်းလွတ်ခွင့် (အခမဲ့) ပေးသွားမှာဖြစ်တယ်လို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ဇန်နဝါရီ (၂၇) ရက်မှာ သတင်းထုတ်ပြန်ပါတယ်။



လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနအနေနဲ့ ကိုဗစ်ကြောင့် ပြည်သူတွေစီးပွားရေးအရ၊ စိတ်ဓာတ်ရေးရာ အရ ကြပ်တည်းတာတွေ ရှိနေတာကြောင့် အထိုက်အလျောက်ဖြေလျော့စေဖို့ လစဉ် (၁၅၀) ယူနစ်အတွက် ဓာတ်အားခကျသင့်ငွေကို (၂၀၂၀) ခုနှစ် ဒီဇင်ဘာလကုန်အထိ အခမဲ့ပေးခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။

ဆက်လက်ပြီး ဝန်ကြီးဌာနအနေနဲ့ ကိုဗစ်ရောဂါကာကွယ်ထိန်းချုပ်ရေးတိုးမြှင့်ခဲ့တဲ့ (၂၀၂၁) ခုနှစ် ဇန်နဝါရီလ (၁) ရက်နေ ဇန်နဝါရီလ (၃၁) ရက်နေ့အထိ ကိုလည်း ယူနစ် (၁၅၀) အတွက် ကျသင့်ငွေကို အခမဲ့ထပ်မံပေးသွားမှာဖြစ်ကြောင်း ကြေညာထားတာဖြစ်ပါတယ်။

ဒါကြောင့် ဇန်နဝါရီလ (၁) ရက်နေ ဇန်နဝါရီလ (၃၁) ရက်အထိ ပြည်သူတွေ၊ ဘာသာရေးအဖွဲ့အစည်းတွေ၊ ပြည်တွင်းလှုမှုရေးအဖွဲ့အစည်းတွေ (သံံရုံးတွေ၊ ကုလသမဂ္ဂနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေ (မပါ) အတွက် အိမ်သုံးအမျိုးအစား လျှပ်စစ်ဓာတ်အားသုံးစွဲမှု (၁) ယူနစ် ကနေ ယူနစ် (၁၅၀) အထိ ငွေကြေးကောက်ခံမှု အခမဲ့ရရှိမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။

အိမ်သုံးအမျိုးအစားမှာ လျှပ်စစ်မီးသုံးစွဲသူတွေက (၁၅၁) ယူနစ်နဲ့ အထက် သုံးစွဲမှုတွေကို အလွှာလိုက် သတ်မှတ်ချက်နှုန်းထားအတိုင်း ပေးဆောင်ရမှာဖြစ်ပြီး အထူးကိစ္စတစ်ရပ်အနေနဲ့ ကင်းလွတ်ခွင့်ပြုခဲ့တဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေအုပ်စုက ပြည်တွင်းလူမှုရေးအဖွဲ့အစည်းတွေက အပ ကျန်သုံးစွဲသူတွေ အားလုံး အရင်သတ်မှတ်နှုန်းထားအတိုင်းပေးဆောင်ရမှာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

လျှပ်စစ်မီတာခ (၁၅၀) ယူနစ် ကင်းလွတ်ခွင့်ပေးခြင်းကို ကိုဗစ်ဖြစ်ပွားမှု အခြေအနေတွေကြောင့် ပြီးခဲ့တဲ့ (၂၀၂၀) ခုနှစ် ဧပြီလကစတင်ကာ တစ်လချင်းစီ တိုးမြှင့်ပေးခဲ့ပြီး အခုဆို (၉) လနီးပါး အထိ ကင်းလွတ်ခွင့်ပေးခဲ့ပြီလည်းဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က