လွှတ်တော်ဝန်ထမ်းတွေနဲ့ သတင်းထောက်တွေအပါအဝင် အားလုံး (၆၁၃)ဦးကို စစ်ဆေးခဲ့တာပါ။

ဇန်နဝါရီလ (၂၆)ရက်နေ့က နေပြည်တော်စည်ပင်ဧည့်ရိပ်သာမှာ လွှတ်တော်ဝန်ထမ်းများနဲ့ လွှတ်တော်တွင်းဝင်ရောက်မယ့်သူ စုစုပေါင်း (၆၁၃)ဦးကို ကိုဗစ်ပိုးရှိ ၊မရှိ စစ်ဆေးရာမှာ အားလုံးရောဂါပိုးမတွေ့ရှိရဘူးလို့သိရပါတယ်။

ဖေဖော်ဝါရီလ (၁)ရက်နေ့မှာ စတင်မယ့် လွှတ်တော်အတွက် လွှတ်တော်ဝန်ထမ်းတွေ၊ နေပြည်တော်အခြေစိုက်သတင်းဌာနက သတင်းထောက်တွေ၊ပြန်ကြားရေးဌာနကဝန်ထမ်းတွေနဲ့ စည်ပင်ရိပ်သာကဝန်ထမ်းတွေကို စစ်ဆေးခဲ့တာဖြစ်ပါတယ်။

“ အားလုံးအခြေအနေကောင်းပါတယ်။ negativeပါ။ အခုစစ်တဲ့သူတွေက လွှတ်တော်ထဲဝင်မယ့်သူတွေပါ။ သူတို့အားလုံးက နေပြည်တော်အခြေစိုက်တွေဆိုတော့ တစ်ခါပဲစစ်မှာ။နောက်ထပ်တော့ ထပ်မစစ်တော့ဘူး”လို့ နေပြည်တော်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှဒေါက်တာမြတ်ဝဏ္ဏစိုးက Duwunကိုပြောပါတယ်။

လွှတ်တော်ကို သတင်းယူဖို့ နေရပ်အသီးသီးကရောက်ရှိလာတဲ့ သတင်းထောက် (၁၃)ဦးကတော့ လက်ရှိမှာ ကွာရန်တင်းဝင်နေရတာဖြစ်ပြီး ပထမအကြိမ် ဆေးစစ်ရာမှာ အားလုံး negativeအဖြေထွက်ခဲ့ကာ ဇန်နဝါရီလ (၂၉)ရက်နေ့မှာ ဒုတိယအကြိမ် ထပ်မံစစ်ဆေးမယ်လို့သိရပါတယ်။

လွှတ်တော်ကိုယ်စားလှယ်တွေ စစ်ဆေးမှုကိုတော့ ဒီနေ့နဲ့ မနက်ဖြန် နှစ်ရက်ခွဲပြီး စစ်ဆေးနေတယ်လို့ ဆိုပါတယ်။

ဦးစားပေးအဆင့်အနေနဲ့ ကာကွယ်ဆေးထိုးနှံရမယ့်အစီအစဉ်မှာ လွှတ်တော်ကိုယ်စားလှယ်တွေပါဝင်တဲ့အတွက် ကိုယ်စားလှယ်တွေကာကွယ်ဆေးထိုးနှံခြင်းကို ဇန်နဝါရီလ (၂၉)ရက်နေ့နဲ့ (၃၀)ရက်နေ့တွေမှာ ထိုးနှံပေးသွားမှာဖြစ်ပါတယ်။


Share

Loading Next Article...
က္က