အမျိုးသား(၁)ဦး၊ အမျိုးသမီး (၁)ဦးသေဆုံးခဲ့တာပါ။

ချင်းပြည်နယ် ဟားခါးနဲ့ ထန်တလန် ကားလမ်းမှာ အိမ်စီးယာဉ်တစ်စီး ချောက်ထဲပြုတ်ကျကာ ကားပေါ်လာသူနှစ်ဦးလုံးသေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဖြစ်စဉ်က ဇန်နဝါရီလ (၃၀)ရက်နေ့ ညနေပိုင်းက ဖြစ်ပွါးခဲ့တာဖြစ်ပြီး အရှိန်မထိန်းနိုင်ဘဲ ပေ (၅၀၀)ခန့် အမြင့်ရှိတဲ့ ချောက်ထဲထိုးကျခဲ့တာလည်းဖြစ်ပါတယ်။

“ ကားက ထန်တလန်ကနေ လာတဲ့ကား။ အရှိန်မထိန်းနိုင်ဘဲဖြစ်သွားတာ။ ယာဉ်ပေါ်ပါလာတဲ့သူ နှစ်ဦးစလုံးသေတယ်။ အမျိုးသား(၁)ဦး၊ အမျိုးသမီး(၁)ဦး။ ဖြစ်ဖြစ်ချင်းအချိန်မကြာဘူး ကျွန်တော်တို့ကယ်ဆယ်ရေးလုပ်ပေမယ့် နှစ်ယောက်စလုံးက အသက်မရှိတော့ဘူး”လို့ ဟားခါးမြို့ မီးသတ်မြို့နယ်မှူးမှ Duwun ကိုပြောပါတယ်။ 

ဖြစ်ပွါးခဲ့တဲ့နေရာက ဟားခါးနဲ့ ထန်တလန်ကားလမ်း မိုင်တိုင်အမှတ်(၃/၁)နဲ့ (၃/၂)ကြားမှာဖြစ်ပွါးခဲ့တာပါ။

အဆိုပါကားလမ်းက ယာဉ်မတော်တဆမှုနည်းပေမယ့်လည်း တစ်ခါတစ်ရံ အရှိန်မထိန်းလွန်မောင်းနှင်တဲ့ မော်တော်ယာဉ်တွေသာ မတော်တဆဖြစ်တာများတယ်လို့သိရပါတယ်။

မနေ့ကဖြစ်စဉ်အတွင်းသေဆုံးခဲ့တဲ့ ရုပ်အလောင်းတွေကိုတော့ ဟားခါးပြည်သူ့ဆေးရုံကိုပို့ဆောင်ထားပြီး ဖြစ်စဉ်အတွင်း ဟားခါးမြို့နယ်မီးသတ်တပ်ဖွဲ့အပါအဝင် တာဝန်ရှိသူတွေအနေနဲ့ အချိန် နာရီဝက်ကျော်ကြာ ကယ်ဆယ်ရေးလုပ်ငန်းဆောင်ရွက်ခဲ့ရတယ်လို့ သိရပါတယ်။




က္က