ရွေးကောက်ပွဲကိုလည်း ပြန်လည်ကျင်းပသွားမှာပါ။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ပြန်လည်ဖွဲ့စည်းကာ မဲစာရင်းစစ်ဆေးခြင်းအပါအဝင် လုပ်ဆောင်သင့်၊ လုပ်ဆောင်ထိုက်တာတွေကို ဥပဒေနဲ့အညီ ဆက်လက်ဆောင်ရွက်သွားမယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ရွေးကောက်ပွဲ မဲစာရင်းရလဒ်တွေက ကြီးမားသောအမှားအယွင်းတွေရှိနေတဲ့အတွက် လက်ရှိမှာ တပ်မတော်က နိုင်ငံရေးအရေးအပေါ်အခြေအနေကြောင့် တစ်နှစ်အာဏာလွှဲပြောင်းရယူကာ ရွေးကောက်ပွဲပြန်လည်ကျင်းပမယ်လို့လည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ပြောပါတယ်။



တပ်မတော်အနေနဲ့ အရေးပေါ်အခြေအနေများကို ဆောင်ရွက်ပြီးနောက်မှာ တရားမျှတဲ့ရွေးကောက်ပွဲကို ပြန်လည်ကျင်းပသွားမှာဖြစ်ပြီး အဆိုပါရွေးကောက်ပွဲမှာ အနိုင်ရနိုင်ငံရေးပါတီကို အာဏာပြန်လွှဲပေးမှာဖြစ်တယ်လို့ သိရပါတယ်။

တပ်မတော်အနေနဲ့ အာဏာလွှဲပြောင်းရယူထားတဲ့ တစ်နှစ်ကာလအတွင်းမှာ ရွေးကောက်ပွဲကော်မရှင်ကို ပြန်လည်ဖွဲ့စည်းပြီး မဲစာရင်းစစ်ဆေးခြင်း၊ လတ်တလောဖြစ်ပွားနေတဲ့ ကိုဗစ်ကပ်ရောဂါကာကွယ်ရေးလုပ်ငန်းများကို ထိထိရောက်ရောက်ဆက်လက်ဆောင်ရွက်သွားခြင်း၊ ကပ်ရောဂါကြောင့် ထိခိုက်ခဲ့တဲ့ စီးပွါးရေးလုပ်ငန်း များကို ဖြစ်နိုင်သမျှ နည်းလမ်းတွေနဲ့ အမြန်ဆုံးကုစားပေးခြင်း၊ တစ်နိုင်ငံလုံးထာဝရငြိမ်းချမ်းရေးရရှိရေးအတွက် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူညီချက်စာချုပ်ပါ သဘောတူညီချက်များအတိုင်း ဖြစ်နိုင်သမျှအလေးထားဆောင်ရွက်သွားခြင်းအစရှိသည်တို့ကို ဆက်လက်လုပ်ဆောင်သွားမယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ကထုတ်ပြန်ခဲ့ပါတယ်။



က္က