လူအင်အား ထောင်နဲ့ချီ ဆန္ဒဖာ်ထုတ်နေတာ ဖြစ်ပါတယ်။

လက်ရှိမြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေတွေနဲ့ပတ်သက်ပြီး ဂျပန်နိုင်ငံနဲ့ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားတွေက လူအင်အားထောင်နဲ့ချီစုဝေးပြီး သက်ဆိုင်ရာ သံရုံးနဲ့ UNရုံးရှေ့မှာ ဆန္ဒဖော်ထုတ်နေကြပါတယ်။

ယနေ့မနက်က ကြေညာခဲ့တဲ့ မြန်မာနိုင်ငံရဲ့ ဥပဒေပြုရေး ၊ အုပ်ချုပ်ရေး နဲ့ တရားစီရင်ရေး အာဏာတို့ကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံ လွှဲပြောင်းပေးအပ်ခြင်း ၊ အစိုးရတာဝန်ရှိသူ တွေနဲ့ လွှတ်တော် ကိုယ်စားလှယ်တွေကို ထိန်းသိမ်းခြင်းတွေကြောင့် ဂျပန်နိုင်ငံနဲ့ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားတွေက သက်ဆိုင်ရာ နိုင်ငံတကာ ရုံးတွေရှေ့မှာ အကူအညီတောင်း ဆန္ဒဖော်ထုတ်နေကြတာပါ။



ဆန္ဒဖော်ထုတ်သူတွေက စစ်အာဏာရှင်အလိုမရှိ ၊ အမေစုနှင့်အတူ ဖမ်းဆီးထားသော လွှတ်တော် ကိုယ်စားလှယ်များ ပြန်လွှတ်ရေး ဒို့အရေး ၊ ပြည်နယ်နှင့်တိုင်းဝန်ကြီးချုပ်များ ပြန်လွှတ်ရေး ဒို့အရေး ၊ Free Daw Aung San Su Kyi အစရှိတဲ့ကြွေးကြော်သံတွေ ဟစ်ကြွေးကြသလို ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ဓာတ်ပုံတွေကို ဖြန့်ခင်း နင်းချေနေကြတာကို ဆန္ဒပြပွဲရောက် မြန်မာနိုင်ငံသားတွေရဲ့ Facebook Live တွေက တစ်ဆင့် တွေ့မြင်ရပါတယ်။

ဓာတ်ပုံ- ပိုးပွင့်ဖြူ ( UNရုံးရှေ့တွင် ဆန္ဒဖော်ထုတ်နေကြတဲ့ မြန်မာနိုင်ငံသားများ)

တပ်မတော်အနေနဲ့ ဒီကနေ့မနက်ပိုင်းက လက်ရှိအနိုင်ရပါတီက သမ္မတအပါအဝင် နိုင်ငံတော်အတိုင်ပင်ခံနဲ့ ဝန်ကြီးချုပ်တွေကို ဖမ်းဆီးထိန်းသိမ်းခဲ့ပြီးတဲ့နောက် နိုင်ငံတော်ကို အရေးပေါ်အခြေအနေကြေညာပြီး ဒုသမ္မတ ဦးမြင့်ဆွေကို ယာယီသမ္မတအဖြစ် ခန့်အပ်ပြီး တပ်မတော်ကို အာဏာလွှဲအပ်ကြောင်း ဒီနေ့ မနက်က ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ မြန်မာနိုင်ငံမှာ ကြေညာထားတဲ့ အရေးပေါ်အခြေအနေက နိုင်ငံတစ်ဝှမ်းမှာ အကျိုးသက်ရောက်မှုရှိပြီး အမိန့်ကာလ တစ်နှစ်ဖြစ်ပါတယ်။

အခုလိုလုပ်ဆောင်ရခြင်းက ရွေးကောက်ပွဲမှာ မဲစာရင်းတွေမှားယွင်းနေခြင်း၊ မဲစာရင်းပြဿနာများကို ဖြေရှင်းပေးရန်ငြင်းပယ်ခြင်း အပါအဝင် လွှတ်တော်အစည်းအဝေးများကို ရွေ့ဆိုင်းပေးရန်တောင်းဆိုမှုကို လက်မခံခြင်းတို့ကြောင့် အခုလိုလုပ်ဆောင်ရခြင်းဖြစ်ပြီး မဲစာရင်းများ စစ်ဆေးအတည်ပြုခြင်းကို ဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံတော်ရဲ့ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေး အာဏာတို့ကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံ လွှဲပြောင်းပေးအပ်ခြင်းဖြစ်တယ်လို့ သိရပါတယ်။



က္က