ဝန်ကြီးဌာန ဖေ့စ်ဘွတ်ခ်စာမျက်နှာကတစ်ဆင့် ဝန်ကြီးက သူနုတ်ထွက်ကြောင်း ကြေညာခဲ့ပါတယ်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဒေါက်တာမြင့်ထွေး နုတ်ထွက်လိုက်ပြီ ဖြစ်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ဒီကနေ့ ဖေဖော်ဝါရီ (၁) ရက်မွန်းလွဲပိုင်းမှာ ကြေညာလိုက်ပါတယ်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဖေ့စ်ဘွတ်ခ်စာမျက်နှာကတစ်ဆင့် ဝန်ကြီးက သူနုတ်ထွက်ကြောင်းကြေညာခဲ့တာဖြစ်ပြီး နေပြည်တော်က သုံးရက်အတွင်း ထွက်ခွာသွားမယ်လို့လည်း ပြောကြားထားတာပါ။ ဒါ့အပြင် ဝန်ကြီးက နိုင်ငံလူဦးရေအတွက် အထူးသဖြင့် ကိုဗစ်နဲ့ ကိုဗစ်ကာကွယ်ဆေ;ကိစ္စတွေအတွက် ဆက်လက်တာဝန်ထမ်းဆောင်ပေးကြဖို့ကိုလည်း ပြောထားပါတယ်။



လက်ရှိမှာ ကျန်းမာရေးစနစ် ခိုင်မာတိုးတက်အောင်လုပ်ဆောင်ထားပြီး ပြောင်းလဲနေတဲ့ ကပ်ရောဂါအခြေအနေပေါ် မူတည်ကာ ဆက်လက်တည်ဆောက်ကြဖို့ကိုလည်း ဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားခဲ့တာပါ။ ကျန်းမာရေးစနစ်၊ ပြည်သူ့ကျန်းမာရေးစနစ်၊ဆေးရုံ၊ တက္ကသိုလ်၊ ကျန်းမာရေးဌာန အရှိတဲ့ ဌာနဆိုင်ရာ တိုးတက်မှုတွေအတွက် လုပ်ဖော်ကိုင်ဖက်တွေကို ကျေးဇူးတင်ကြောင်း၊ အခုချိန်မှာ တစ်ဦးချင်းစီ ကျေးဇူးတင်ဖို့ မပြောနိုင်ပေမယ့် တစ်ဦးချင်းစီ အားလုံးကို စိတ်ထဲကနေ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ကြောင်း ကျန်းမာရေးဝန်ကြီးက ပြောကြားခဲ့တာပါ။

လတ်တလောမှာတော့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနမှာဖော်ပြထားတဲ့ ဒေါက်တာမြင့်ထွေးရဲ့ပို့စ်အောက်မှာဝန်ကြီးနုတ်ထွက်ကြောင်းရေးသားထားတဲ့စာကို ယုံကြည်မှုမရှိကြောင်းနဲ့ MOHS စာမျက်နှာကို အဟက်ခံထားရတဲ့ဆိုတဲ့ မှတ်ချတ်တွေရေးသားမှုများပြားနေတာကိုလည်းမြင်တွေ့ရပါတယ်။ ကျန်းမာရေးဝန်ကြီးရဲ့ အသိပေးစာနဲ့ ပတ်သက်ပြီးအတည်ပြုနိုင်ရန်အတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကို ဆက်သွယ်မေးမြန်းပေမယ့် လတ်တလော ဖုန်းလိုင်းအခြေအနေတွေအရ ဆက်သွယ်လို့ မရနိုင်ခဲ့ပါဘူး။



က္က