ပြန်လွှတ်တဲ့သူတွေထဲမှာ တိုင်းလွှတ်တော်ဥက္ကဌ မပါသေးဘူးလို့ သိရပါတယ်။
Ei Ei Mar

မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုကို တပ်မတော်မှပြန်လည်လွှတ်ပေးခဲ့လိုက်ပြီဖြစ်ပြီး ယနေ့ ဖေဖော်ဝါရီလ ၂ရက်နေ့ နေ့လယ်ပိုင်းက မကွေးမြို့ တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးအိမ်ယာသို့ ပြန်လည်ရောက်ရှိလာကြောင်း သိရပါတယ်။

 "ဟုတ်ပါတယ်ဗျ၊ လွန်ခဲ့တဲ့တစ်နာရီကျော်က ဝန်ကြီးချုပ်လွတ်လာပါပြီ၊ တိုင်းလွှတ်တော်ဥက္ကဌ တော့ မပါသေးဘူး၊ အခုဝန်ကြီးချုပ်က တိုင်းအစိုးရဝန်ကြီးအိမ်ယာမှာရှိပါတယ်၊ တွေ့ခွင်တော့ မပေးသေးဘူး"ဟု မကွေးမြို့နယ်လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဌေးက ပြောပါတယ်။



ဦးကျော်ဌေးမှာလည်း မနေ့က ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသူများထဲမှာ ပါဝင်သူဖြစ်ပြီး သူ့ရဲ့အတွေ့အကြုံဖြစ်စဥ်ကို ပြောပြပါတယ်။ 

"ကျွန်တော့်အိမ်ကို မနေ့ကမနက်၅နာရီလောက်က ဝင်လာတာပါ အိမ်ရှေ့ပေါက်ကပိတ်ထားတော့ ဘေးအိမ်အပေါက်တွေကလှပ်ထားတော့ အဲ့ဒီကနေတဆင့် ကျွန်တော့်အိမ်အနောက်ပေါက်ကိုဝင်လာတာပါ။ ကျွန်တော်က ဘာလဲလို့မေးတော့ ကိုကျော်ဌေးလားတဲ့။ ကျွန်တော်က ဟုတ်တယ် ခင်ဗျားတို့ကဘာလာလုပ်တာလဲ ဘယ်တပ်ကလဲလို့မေးတော့ တာဝန်အရပါတဲ့။ ကျွန်တော်တို့အရာရှိနဲ့ ဆွေးနွေးပေးပါဦးတဲ့။ အပေါက်လည်းလှပ်ပေးပါဦးတဲ့။ ကျွန်တော်က ဟုတ်ပြီလိုက်ခဲ့မယ် ဘယ်ကလဲလို့မေးတော့ အတင်းတံခါးကိုဆွဲဖွင့်တယ််။ အဲဒါနဲ့ကျွန်တော်က လိုက်သွားတော့ မကွေး ၈၈ ကိုခေါ်သွားပါတယ်။ အဲ့ဒီကနေ မင်းဘူး ၈၈ ရိပ်သာကိုခေါ်သွားပါတယ်။ အဲ့ဒီမှာ ကောင်းကောင်းမွန်မွန်ပဲထားပါတယ် ၊မနက် ၉နာရီထိုးခါနီးကြတော့ လာအရှေ့ဘက်ပြန်သွားရမယ်။ အရှေ့ဘက်ကမ်းခေါ်ခိုင်းလို့ဆိုပြီး ပြောတော့ မကွေးဘက် အစိုးရဝန်းထဲမှာ သူတို့ရဲ့ တပ်နယ်မှူးနဲ့တွေ့တာပေါ့။ တွေ့တော့ ကိုကျော်ဌေး ပြန်လို့ရပါပြီ။ အထက်လူကြီးတွေ သမ္မတတို့ ကာချုပ်တို့လည်း ဆွေးနွေးကြလို့ပါတဲ့။ ခုအိမ်ပဲအေးအေးဆေးဆေး ပြန်နေလို့ရပါပြီဆိုပြီး ၉နာရီခွဲကျော်ကျော်လောက်ကပြန်လွှတ်ပါတယ်၊ ဝန်ကြီးချုပ်ကတော့ ဒီနေ့ မှလွတ်လာတာပါ လွှတ်တော်ဥက္ကဌကြီးကတော့ မလွတ်သေးပါဘူး"လို့ သူ့ရဲ့အတွေ့အကြုံကို ပြောပြပါတယ်။

ဖေဖော်ဝါရီလ ၁ ရက်နေ့က မကွေးတိုင်း ဝန်ကြီးချုပ်နဲ့ လွှတ်တော်ဥက္ကဌအပါအဝင် အစိုးရအဖွဲ့ဝင်နဲ့ လွှတ်တော်ကိုယ်စားလှယ်များကို တပ်မတော်က ထိန်းသိမ်းထားခဲ့တာဖြစ်ပြီး ယနေ့မှာတော့ အတော်များများကို ပြန်လွှတ်ပေးခဲ့ပြီဖြစ်ပေမဲ့ တိုင်းလွှတ်တော်ဥက္ကဌတစ်ဦး ကျန်ရှိနေသေးတယ်လို့ သိရပါတယ်။

မကွေးပို့စ်မှ ပေးပို့သော သတင်းဖြစ်ပါသည်။


Author


က္က