ကမ်ပိန်းလှုပ်ရှားမှု ပိုမိုအရှိန်မြှင့်လာခဲ့တာလည်းဖြစ်ပါတယ်။

စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တဲ့အနေနဲ့ စစ်အစိုးရ လက်အောက်အလုပ်မလုပ်ဘူးဆိုတဲ့ နည်းလမ်းနဲ့ တုံ့ပြန်ဆန့်ကျင်တဲ့ Civil Disobedience Movement ကို ကျန်းမာရေးဝန်ထမ်းတွေအပြင် ပညာရေးဝန်ထမ်းတွေ၊ အခြားဝန်ကြီးဌာနလက်အောက် ပြည်သူ့ဝန်ထမ်းတွေ၊ အနုပညာရှင်တွေ၊ ပြည်သူတွေ ပါ ပူးပေါင်းပါဝင်လာခဲ့ကြတာဖြစ်ပါတယ်။

ဒီနေ့မနက်ပိုင်းက စတင်ပြီး မန္တလေးမြို့က ကုတင် (၃၀၀)၊ ကလေးဆေးရုံက လက်ထောက်ဆရာဝန်တွေက စတင်ပြီး အဆိုပါ လှုပ်ရှားမှုကို စတင်ခဲ့ရာမှာတော့ မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးက လက်ထောက်ဆရာဝန်တွေ၊ရန်ကုန်အထွေထွေရောဂါကုဆေးရုံသစ်ကြီးက လက်ထောက်ဆရာဝန်တွေ၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီးက လက်ထောက်ဆရာဝန်တွေ အပြင် ပြင်ဦးလွင်၊ လားရှိုး၊ ပြည်၊ နေပြည်တော်၊ စစ်ကိုင်း၊ပဲခူး၊ ကျောက်ဆည်၊ ဘားအံ၊ စတဲ့မြို့နယ်အသီးသီးလက်ထောက်ဆရာဝန်တွေ၊ သူနာပြုတွေ ကျန်းမာရေးဝန်ထမ်းတွေ ပါ ပါဝင်လာခဲ့တာဖြစ်ပါတယ်။



ဒါ့အပြင် ပညာရေးဝန်ကြီးဌာနလက်အောက်က ပညာရေးဝန်ထမ်းအချို့ကလည်း လူမှုကွန်ရက်ပေါ်မှာ မိမိတို့ မဲပေးရွေးချယ်ခဲ့တဲ့ အစိုးရမဟုတ်တာကြောင့် စစ်အစိုးရလက်အောက်မှာ တာဝန်မထမ်းဆောင်လိုပါသဖြင့် ၂.၂.၂၀၂၁ ခုနှစ်က စတင်ပြီး ရုံးမတက်တော့ပါကြောင်း ဆိုပြီး ရေးသားထားကြတာတွေ့ရပါတယ်။

အဆိုပါ လှုပ်ရှားမှု ကမ်ပိန်းတွေမှာ နာမည်ကြီး အနုပညာရှင်တွေ ဖြစ်တဲ့လူမင်း၊ ပြေတီဦး၊ ပိုင်တံခွန်၊ ပိုင်ဖြိုးသု၊ချစ်သုေ၀ စတဲ့ အနုပညာရှင်တွေကလည်း Civil Disobedience Movement ကို ပြည်သူတွေ အစိုးရဝန်ထမ်းတွေနဲ့ အတူတူ အားပေးထောက်ခံကြောင်း ရေးသားထားခဲ့ကြပါတယ်။

ဒါ့အပြင် ပြည်သူအများစုကလည်း Civil Disobedience Movement ကမ်ပိန်းမှာ ပါဝင်တဲ့ အစိုးရဝန်ထမ်းတွေနဲ့ အတူတူ ရပ်တည်ပါကြောင်း ရေးသားဖော်ပြမှုတွေ လတ်တလောလူမှုကွန်ရက်မှာ ပျံ့နှံ့နေခဲ့ပါတယ်။

“ ကိုယ်နဲ့ အတူတူပညာသင်ခဲ့တဲ့၊ အလုပ်လုပ်ခဲ့တဲ့သူတွေထဲမှာ ဒီကမ်ပိန်းကိုမလုပ်ရဲဘဲ အတားအဆီးဖြစ်နေတာမျိုးမဖြစ်စေချင်ဘူး။ ကိုယ်ပါ ပါခြင်းအားဖြင့် တစ်ခြားသူတွေလည်း ပါလာအောင်ပါ။ အဓိကကတော့ အသစ်ဖွဲ့စည်းတယ်ဆိုတဲ့ ကိုယ်တွေ လက်မခံနိုင်တဲ့ အစိုးရတစ်ရပ်မှာ ပူးပေါင်းပါဝင်ခြင်းမရှိဘူးဆိုရင်ဒီယန္တရားက ရပ်တန့်သွားမှာပေါ့။ Risk ကတော့ ရှိမှာပါ” လို့ အဆိုပါကမ်ပိန်းမှာပါဝင်တဲ့ ပြည်သူတစ်ဦးကဆိုပါတယ်။

ပြည်ပကို ရောက်ရှိနေတဲ့ ဘာသာပြန်စာတွေ ရေးသားနေသူ မနန်းသီရိအောင်ကလည်း “ အခုလို လူတစ်ယောက်ချင်းစီကနေ လူတွေအများကြီးဒီကမ်ပိန်းမှာ ပါဝင်လာကြရင် စစ်အာဏာရှင်သိမ်းထားတဲ့ အစိုးရယန္တရားမကြာခင်မှာ ရပ်သွားလိမ့်မယ်ဆိုတဲ့အထိ မျှော်လင့်မိပါတယ်။ “ လို့လည်း သူ့ရဲ့ သဘောထားကို အခုလို ပြောပါတယ်။

တပ်မတော်အနေနဲ့ ဖေဖော်ဝါရီလ (၁) ရက်မှာ နိုင်ငံတော် အာဏာကို လွှဲပြောင်းရယူတယ်လို့ ကြေညာပြီးနောက်ပိုင်း ညပိုင်းမှာပဲ အစိုးရအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးတွေကို အသစ်ပြန်လည်ခန့်အပ်လိုက်ကြောင်း ကြေညာခဲ့ပါတယ်။



က္က