Facebook ကို ပိတ်ထားဖို့အတွက် အင်တာနက်ဝန်ဆောင်မှုပေးတဲ့ ကုမ္ပဏီတွေကို ညွှန်ကြားလာတယ်လို့ တယ်လီနောမြန်မာကလည်း သတင်းထုတ်ပြန်ထားပါတယ်။
Mi Thawdar Aung

အများပြည်သူအကျိုးနဲ့ နိုင်ငံတော်တည်ငြိမ်အေးချမ်းစေရေးအတွက် Facebook လူမှုကွန်ရက်ကို ယာယီပိတ်ဖို့ မိုဘိုင်းဆက်သွယ်ရေးအော်ပရေတာတွေကို ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနက ညွှန်ကြားလိုက်ပါတယ်။ 

လတ်တလောကာလအတွင်း အဖျက်အမှောက်ဆောင်ရွက်သူတွေက နိုင်ငံတော်တည်ငြိမ်ရေးကို ထိခိုက်ပျက်ပြားစေပြီး အများပြည်သူအကျိုးအတွက် မမှန်တဲ့သတင်းတွေကို Facebook လူမှုကွန်ရက်ကို အသုံးပြုပြီး ရေးသားဖြန့်ဝေဆောင်ရွက်နေတာကို တွေ့ရတယ်လို့ ဆိုပါတယ်။



ဒါကြောင် International Gateway ဆောင်ရွက်ခွင့်ရရှိသူများနဲ့ ISP (International Service Provider) များအနေနဲ့ အခု အကြောင်းကြားတဲ့အချိန်ကစပြီး ဖေဖော်ဝါရီလ (၇) ရက် ည (၁၁) နာရီ (၅၉) မိနစ်အချိန် ယာယီတားဆီးပိတ်ပင်ထားဖို့ အကြောင်းကြားလိုက်တယ်လို့ ဝန်ကြီးဌာနက ထုတ်ပြန်ထားတာပါ။

Facebook ကို ပိတ်ထားဖို့အတွက် အင်တာနက်ဝန်ဆောင်မှုပေးတဲ့ ကုမ္ပဏီတွေကို ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာနက ဖေဖော်ဝါရီလ (၃) ရက်နေ့မှာ ညွှန်ကြားလာတယ်လို့ တယ်လီနောမြန်မာကလည်း သတင်းထုတ်ပြန်ထားပါတယ်။

တယ်လီနောမြန်မာအနေနဲ့ ညွှန်ကြားချက်အတိုင်း ယနေ့ (ဖေဖဖော်ဝါရီ ၄ ရက်) နေ့မှာ လိုက်နာဖို့ ဆုံးဖြတ်လိုက်ပြီဖြစ်ပေမယ့် ဒီလိုသုံးစွဲခွင့်မရတဲ့အပေါ် လူ့အခွင့်အရေးချိုးဖောက်မှု နဲ့ ပတ်သက်လို့ အလွန်အမင်းစိတ်ပူပင်မိတယ်လို့လည်း ဆိုပါတယ်။ဒါကြောင့် မြန်မာနိုင်ငံအနေနဲ့ Facebook ကို အမြန်ဆုံးပြန်လည်အသုံးပြုခွင့်ရဖို့ မျှော်လင့်တယ်လို့ သတင်းထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

မြန်မာနိုင်ငံမှာတော့ ဖေဖော်ဝါရီ (၃) ရက်ညပိုင်းက Facebook သုံးစွဲခွင့်ပိတ်မှာဖြစ်တဲ့အကြောင်း သတင်းတွေ ပျံ့နှံ့လာခဲ့ပြီး ဒီကနေ့ မနက်ပိုင်းမှာတော့ MPT သုံးစွဲသူတွေ Facebook သုံးလို့မရတော့ဘဲ အများစုကတော့ VPN ကျော်ပြီး အသုံးပြုနေကြတယ်လို့လည်း သိရပါတယ်။


Author


က္က