ကျမ်းသစ္စာကျိန်ဆိုပြီးပါက လွှတ်တော်ကိုယ်စားလှယ်လုပ်ငန်းတွေကို ဆောင်ရွက်လို့ရပါပြီ။

၂၀၂၀ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ လွှတ်တာ်အစည်းအဝေးမတက်ရောက်ရပေမယ့် ကိုယ်စားလှယ်လုပ်ငန်းတွေကို ဆောင်ရွက်နိုင်ရန် ကိုယ့်အစီစဉ်နဲ့ကိုယ် ကျမ်းသစ္စာကျိန်ဆိုသွားကြမယ်လို့သိရပါတယ်။

ကိုယ်စားလှယ်တွေအနေနဲ့ လွှတ်တော်ပထမနေ့မှာ ကျိမ်းသစ္စာကျိန်ဆိုပြီးမှ နိုင်ငံ့လုပ်ငန်းတွေကို ဆက်လက်ဆောင်ရွက်ရမှာဖြစ်ပြီး ယခုအခါ လွှတ်တော်စတက်ရမယ့် နေ့မှာပဲ စစ်တပ်က အာဏာသိမ်းစည်းခဲ့တာကြောင့် လွှတ်တော်အစည်းအဝေးကိုတက်ရောက်ခွင့်မရရှိခဲ့ကြပါဘူး။ သို့ပေမယ့်လည်း ကိုယ်စားလှယ်တွေအနေနဲ့ ကိုယ့်အစီစဉ်နဲ့ကိုယ် ကျမ်းသစ္စာကျိန်ဆိုပြီး ပြည်သူ့လုပ်ငန်းတွေကို ဆက်လက်လုပ်ကိုင်သွားမယ်လို့သိရပါတယ်။



“ ကျွန်တော်တို့ကို ပြည်သူကရွေးချယ်တင်မြောက်လိုက်သလို UEC အနေနဲ့လည်း ကိုယ်စားလှယ်အဖြစ် အသိအမှတ်ပြုပြီးပါပြီ။ အခုက ကျွန်တော်တို့အနေနဲ့ ပြည်သူ့လုပ်ငန်းတာဝန်တွေကို လုပ်ကိုင်ဖို့ ကျမ်းသစ္စာကျိန်ဖို့ကျန်နေတယ်။ ဒါကလည်း လွှတ်တော်ပမထနေ့မှာလုပ်ရမယ်ကိစ္စပါ။ အခုလွှတ်တော်လည်းမတက်ရတော့ ကိုယ်စားလှယ်တွေ ကိုယ့်အစီစဉ်နဲ့ကိုယ် ကျမ်းသစ္စာကျိန်ဆိုကြမယ်။ စည်ပင်ထဲမှာကျန်နေသေးတဲ့အမတ်တွေကစုပြီးတော့ အိမ်ပြန်ရောက်နေကြတဲ့ ကိုယ်စားလှယ်တွေက onlineကနေ လုပ်ကြမယ်”လို့ ပြည်ကြီးတံခွန်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်စိုးဦးက Duwun ကိုပြောပါတယ်။

ကျမ်းသစ္စာကျိန်ဆိုမှုကို ဒီကနေ့လုပ်သွားဖို့ စီစဉ်ထားပြီး ကျမ်းသစ္စာကျိန်ဆိုပြီးတာနဲ့တစ်ပြိုက်နက် ကိုယ်စားလှယ်တွေဟာ ပြည်သူ့တာဝန်တွေကို ထမ်းဆောင်လို့ရပြီလို့ သိရပါတယ်။ ပြည်သူကရွေးချယ်တင်မြောက်ထားတဲ့အတိုင်း ပြည်သူ့ကိုယ်စားလှယ်ဖြစ်တာနဲ့တစ်ပြိုက်နက် လက်ရှိစစ်အာဏာအုပ်ချုပ်မှုနဲ့ပတ်သက်လို့ ပြည်သူတွေရဲ့ လှုပ်ရှားမှုတိုင်းမှာ ပါဝင်ဖို့ရှိသလို ကိုယ်စားလှယ်တွေအနေနဲ့လည်း ဆက်တိုက်လှုပ်ရှားမှုတွေလုပ်ဆောင်သွားတော့မယ်လို့ သိရပါတယ်။



က္က