စစ်အာဏာရှင်စနစ်ကိုအလိုမရှိကြောင်း လှုပ်ရှားမှုအဖြစ်ပြုလုပ်ခြင်းဖြစ်ပြီး လက်ရှိလုပ်ဆောင်နေတဲ့ တာဝန်ကိုလည်း ဆက်လက်လုပ်ဆောင်နေမှာဖြစ်တယ်လို့သိရပါတယ်။

စစ်အာဏာရဆန့်ကျင်ရေးလှုပ်ရှားမှုကိုပြည်တက္ကသိုလ်ဆရာ/ဆရာမတွေနဲ့ ဝန်ထမ်းတွေက ဒီကနေ့ ဖေဖော်ဝါရီ ၄ရက်နေ့မနက်ပိုင်း က ပြည်တက္ကသိုလ်ဝန်းထဲမှာပဲ ပြုလုပ်ခဲ့ကြပါတယ်။

Photo: Myint Aye 

သိမ်းယူထားတဲ့ ပြည်သူ့အာဏာကို ပြည်သူ့အစိုးရကို ပြန်လည်အပ်နှင်းဖို့အတွက်လုပ်ဆောင်တာဖြစ်ပြီး ၊လှုပ်ရှားမှုမှာ စစ်အာဏာရှင်စနစ်အလိုမရှိဆိုတဲ့ဆိုင်းဘုတ်နဲ့အတူ ဖဲကြိုးနီကမ်ပိန်းပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။



Photo: Myint Aye 

"ဘာ့ကြောင့်ပါဝင်ဖြစ်သလဲဆိုရင် ပြည်သူ့အစိုးရကို ပြည်သူ့အာဏာပြန်ပေးဖို့အတွက်ဖြစ်တယ်။ လက်မခံကြောင်း လှုပ်ရှားမှု တစ်ခုအနေနဲ့လုပ်ကြတာပါ။ဘယ်သူကမှဦးဆောင်ပြီးလုပ်တာမဟုတ်ဘူး။တစ်ဦးတစ်ယောက်ချင်း စိတ်နဲ့ပဲလုပ်ခဲ့ကြတာပါ။"လို့စစ်အာဏာရဆန့်ကျင်ရေးလှုပ်ရှားမှုမှာပါဝင်ခဲ့တဲ့ ဦးမြင့်အေးကပြောပါတယ်။

Photo: Myint Aye 

စစ်အာဏာရှင်စနစ်ကိုအလိုမရှိကြောင်း လှုပ်ရှားမှုအဖြစ်ပြုလုပ်ခြင်းဖြစ်ပြီး လက်ရှိလုပ်ဆောင်နေတဲ့ တာဝန်ကိုလည်း ဆက်လက်လုပ်ဆောင်နေမှာဖြစ်တယ်လို့သိရပါတယ်။

အလွတ်တန်းသတင်းထောက် ချစ်ခွန်းချိုပေးပို့သော သတင်းဖြစ်ပါသည်။ 



က္က