အရေးပေါ်လူနာတွေလောက်သာကုသပေးလျှက်ရှိနေပါတယ်။

နိုင်ငံကို စစ်တပ်က အာဏာသိမ်းခဲ့ပြီးနောက် စစ်အစိုးရကို ဆန့်ကျင်တဲ့အနေနဲ့ ကျန်းမာရေးဝန်ထမ်းအများစုဟာ နေအိမ်ကနေပဲ အလုပ်မဆင်းဘဲ စစ်အစိုးရကို ဆန့်ကျင်ကြောင်း ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

photo- Zin Moe



လက်ရှိ မော်လမြိုင်ဆေးရုံကြီးမှာလည်း ကျန်းမာရေးဝန်ထမ်းအများစု အလုပ်လာရောက်ခြင်းမရှိတာကြောင့် ဆေးရုံမှာလူနာကုသဖို့အတွက်အခက်အခဲတွေရှိနေတယ်လို့ သိရပါတယ်။

“ ဒီနေ့ Positiveလူနာတစ်ဦးထွက်လို့ ဆေးရုံသွားရတဲ့အခါမှာ သိရတဲ့အနေအထားပါ။ တချို့ဝန်ထမ်းတွေက အလုပ်မဆင်းကြတော့ ရှိတဲ့ဝန်ထမ်းတွေနဲ့လည်ပတ်အောင်လုပ်နေကြရတယ်။ လက်ရှိဆေးရုံကြီးမှာတင် covid လူနာက ၂၀၀ကျော်ရှိသေးတာဆိုတော့ လူနာအင်အားနဲ့ ကျန်းမာရေးဝန်ထမ်းအင်အားမလုံလောက်တဲ့သဘော။ လက်ရှိမော်လမြိုင်ဆေးရုံရဲ့ အခြေအနေက ဝန်ထမ်းတွေအလုပ်မဆင်းတော့ ဒုဆေးရုံအုပ်တွေတောင် ဆင်းပြီးလုပ်နေရတဲ့ အနေအထားပါ”လို့ မော်လမြိုင် RESCUE ကွန်ယက်မှ ကိုဇင်မိုးက Duwun ကိုပြောပါတယ်။

မော်လမြိုင်မှာဆေးရုံမှာ ကျန်းမာရေးဝန်ထမ်းတွေအလုပ်မလာတဲ့အတွက် ရှိတဲ့ ဝန်ထမ်းဆရာဝန်အင်အားနဲ့ အရေးပေါ်လူနာများကို မနက် (၈)နာရီမှ ည(၈)နာရီအတွင်းသာ ကုသပေးနိုင်တော့မှာဖြစ်တယ်လို့သိရပါတယ်။ ဆေးကုသနေမှု အခြေအနေနဲ့ပတ်သက်ကြီး မော်လမြိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက တာဝန်ရှိသူတွေကိုဖုန်းဆက်မေးမြန်းဖို့ ကြိုးစားပေမဲ့ လက်ခံဖြေကြားခြင်းမရှိပါဘူး။

၂၀၂၀ရွေးကောက်ပွဲမှာ အနိုင်ရတဲ့ ပါတီအစိုးရထံကနေ စစ်တပ်က အာဏာသိမ်းခဲ့မှုကြောင့် ပြည်သူတွေရွေးချယ်တင်မြောက်တဲ့ အစိုးရကို မတရားသဖြင့်အာဏာသိမ်းမှုကိုဆန့်ကျင်တဲ့အနေနဲ့ ကျန်းမာရေးဝန်ထမ်းတွေဟာ ဖေဖော်ဝါရီလ (၃)ရက်နေ့က စပြီး Civil Disobedience Campaign ကိုပြုလုပ်ခဲ့ကြပြီး အလုပ်မသွားဘဲ ဆန္ဒဖော်ထုတ်နေကြတာ ဖြစ်ပါတယ်။ အခုလို စစ်အစိုးရကို လက်မခံကြောင်း ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်မှုမှာ ဆရာဝန်တွေသာမက ဝန်ကြီးဌာနက ဝန်ထမ်းတွေပါ ပါဝင်နေတယ်လို့ သိရှိရပါတယ်။



က္က