စစ်အာဏာသိမ်းမှုဆန့်ကျင်တဲ့ အရပ်ဘက်လှုပ်ရှားမှုကို လမ်း ၃၀၊ ဆေးတက္ကသိုလ်(မန္တလေး) ရှေ့မှာ ပြုလုပ်ခဲ့ပါတယ်။

စစ်အာဏာသိမ်းမှုဆန့်ကျင်ကြောင်း မန္တလေးဆေးတက္ကသိုလ်ရှေ့ ဒီကနေ့ဆန္ဒပြခဲ့ကြသူတွေထဲက ၄ ယောက်ကို သက်ဆိုင်ရာနယ်မြေရဲစခန်းမှာ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅၊ ငြိမ်းစုစီပုဒ်မ ၁၉ တို့နဲ့ ဖမ်းဆီးအမှုဖွင့်စစ်ဆေးနေတယ်လို့ သတင်းရရှိပါတယ်။

"ဆေးတက္ကသိုလ်ရှေ့မှာ ၂ ယောက်နဲ့ လိုက်ဖမ်းလို့မိတာက ၂ ယောက်စုစုပေါင်း ၄ ယောက်ကိုငြိမ်းစုစီနဲ့ အမှုဖွင့်ပါတယ်၊ နောက်တော့ သဘာဝဘေး ၂၅ နဲ့ ထပ်အမှုဖွင့်ပါတယ်" လို့ ရဲစခန်းတာဝန်ရှိသူတစ်ဦးကပြောပါတယ်။



စစ်အာဏာသိမ်းမှုဆန့်ကျင်တဲ့အရပ်ဘက်လှုပ်ရှားမှုတစ်ခုကို မန္တလေးမြို့ လမ်း ၃၀၊ ဆေးတက္ကသိုလ်(မန္တလေး)ရှေ့မှာ ဒီကနေ့မနက် ၉ နာရီခွဲအချိန်ခန့်က ပြုလုပ်ခဲ့တာမှာ အများဆုံးလူ ၂၀ ခန့်နဲ့ငြိမ်းချမ်းစွာနဲ့ဆန္ဒဖော်ထုတ်ခဲ့တာဖြစ်ပေမယ့်လည်း ဆန္ဒဖော်ထုတ်ပွဲအပြီးမှာတော့ ရဲတပ်ဖွဲ့ကလိုက်လံဖမ်းဆီးခဲ့တယ်လို့သိရပါတယ်။ ဆန္ဒပြသူတွေဟာ မိနစ်ပိုင်းအတွင်းမှာငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်ခဲ့တာဖြစ်ပြီး အာဏာသိမ်းအစိုးရအလိုမရှိကြောင်းပါဝင်တဲ့ ဗီနိုင်းဆိုင်းဘုတ်တွေကိုင် ဆောင်ပြီး အာဏာသိမ်းအစိုးရအလိုမရှိ၊ ဖမ်းဆီးခံခေါင်းဆောင်များချက်ချင်းလွှတ်၊ စစ်အာဏာရှင်စနစ်ကျဆုံးရေး တို့အရေး စတဲ့ကြွေးကြော်သံတွေနဲ့ ဆန္ဒ ဖော်ထုတ်ခဲ့ကြတာပါ။

ဆန္ဒပြသူတွေထဲက ကိုဥက္ကာမင်း(မန္တလေးနိုင်ငံခြားတက္ကသိုလ်)၊ ကိုမင်းညီညီ(ရတနာပုံတက္ကသိုလ်)၊ ကိုရဲဝင်းထွန်းနဲ့ကိုပြည့်စုံအောင်တို့ကို ဖမ်းဆီးပြီး ချမ်းအေးသာစံမြို့နယ် မြို့မရဲစခန်းက ကနဦး ငြိမ်းစုစီဥပဒေပုဒ်မ ၁၉ နဲ့အမှုဖွင့်ခဲ့တာကနေ နောက်ထပ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅ နဲ့ထပ်မံအမှုဖွင့်အရေးယူလိုက်တာဖြစ်တယ်လို့သိရပါတယ်။



က္က