ဒေါက်တာသက်သက်ခိုင်က ၂၀၂၀ရွေးကောက်ပွဲမှာ မရမ်းကုန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူပါ။

ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉အရ ဒေါက်တာသက်သက်ခိုင်ကို လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန် လည်နေရာချထားရေး ဝန်ကြီးဌာနတွင် ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်လိုက်ပြီဖြစ်တယ်လို့ မြန်မာ့အသံနဲ့ ရုပ်မြင်သံကြား ည ၈ နာရီပြည်တွင်းသတင်းမှာ ကြေညာလိုက်တာပါ။

ဒေါက်တာသက်သက်ခိုင်က ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ဥက္ကဌဖြစ်ပြီး ၂၀၂၀ရွေးကောက်ပွဲမှာ မရမ်းကုန်းမြို့နယ် ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူပါ။ လက်ရှိအချိန်မှာ တပ်မတော်က အာဏာသိမ်းပြီးနောက် ပြည်ထောင်စုဝန်ကြီးတွေ ပြန်လည်ခန့်အပ်ရာမှာ နိုင်ငံရေးပါတီတစ်ခုရဲ့ ခေါင်းဆောင်ကို ပြည်ထောင်စုဝန်ကြီးအဖြစ် ဒေါက်တာသက်သက်ခိုင်က ပထမဆုံး ခန့်အပ်ခံရခြင်း ဖြစ်ပါတယ်။



ဒေါက်တာသက်သက်ခိုင်က ရွေးကောက်ပွဲမတိုင်မီ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် လက်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌနဲ့ တွေ့ဆုံခဲ့တဲ့ နိုင်ငံရေးပါတီ ၃၄ ခုမှာ ပါဝင်ခဲ့တဲ့အတွက်လည်း ဝေဖန်မှုတွေ ရှိခဲ့ပါသေးတယ်။



က္က