လက်ရှိ လှုပ်ရှားနေတဲ့ လှုပ်ရှားမှုတွေကလည်း အကြုံးဝင်လျှက်ရှိတယ်လို့ ဆိုပါတယ်။

စစ်အာဏာသိမ်းမှုကိုတိုက်ဖျက်ရန် သပိတ်မှောက်ဆန္ဒပြနည်းပေါင်းစုံလိုအပ်တာကြောင့် ယခုလုပ်ဆောင်နေတဲ့ ဆန္ဒပြမှုတွေအပြင် နောက်ထပ် သပိတ်ပေါင်းစုံ ဆင်နွှဲစရာတွေနဲ့ ချီတက်ကြပါစို့ဟုဆိုကာ (၈၈)မျိုးဆက်ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်းက ထုတ်ပြန်ကြေညာခဲ့ပါတယ်။



ယခုအချိန်မှာ စစ်အာဏာသိမ်းမှုကိုအာခံငြင်းဆန်တဲ့ လှုပ်ရှားမှုမျိုးစုံပေါ်ပေါက်နေပြီး ဒီလှုပ်ရှားမှုတိုင်းကလည်း အကြုံးဝင်လျှက်ရှိတယ်လို့ဆိုပါတယ်။



ပြည်သူတွေအနေနဲ့ စစ်အာဏာသိမ်းမှုနဲ့ပတ်သက်လို့ နေ့စဉ် ည (၈)နာရီတိုင်း သံပုံးတီးဆန္ဒပြခြင်းတို့နဲ့အတူ ဝန်ထမ်းတွေအနေနဲ့ နှုတ်ထွက်သူတွေရှိသလို ဖဲကြိုးနီတပ် ဆန္ဒပြလှုပ်ရှားမှုတွေလည်း လုပ်ဆောင်လျှက်ရှိပါတယ်။ ဒီလှုပ်ရှားမှုတွေအပြင် နောက်ထပ်သပိတ်မှောက်လှုပ်ရှားမှုတွေဆက်လက်လုပ်ဆောင်သွားဖို့အတွက် တိုက်တွန်းခဲ့တာလည်းဖြစ်ပါတယ်။

သပိတ်မှောက်တဲ့နေရာမှာ ဝန်ထမ်းတွေအနေနဲ့ မနာခံ၊အာခံလှုပ်ရှားမှုတွေက အုပ်ချုပ်ရေးယန္တရားကို နှေးကွေးရပ်တန့်စေသလို ပြည်သူတွေအနေနဲ့ စစ်တပ်ကပိုင်ဆိုင်တဲ့ အရက်၊ဘီယာ၊စီးကရက်၊ ဖုန်းဆင်းကဒ်၊ ရုပ်သံလိုင်းတွေကိုအသုံးမပြုခြင်းကလည်း စစ်တပ်ရဲ့ ဝင်ငွေလမ်းကြောက်းကို ဟန့်တားရိုက်ချိုးသလိုဖြစ်တာကြောင့် ဒီနည်းလမ်းတွေကလည်း အသုံးဝင်ထိရောက်တယ်လို့ဆိုပါတယ်။

မြန်မာ့တပ်မတော်အနေနဲ့ လက်ရှိ အာဏာသိမ်းပြီးတဲ့နောက်ပိုင်း NLDပါတီခေါင်းဆောင်တွေကိုဖမ်းဆီးထိန်းသိမ်းထားဆဲဖြစ်သလို ဌာနဆိုင်ရာအကြီးအကဲနေရာတွေကိုလည်း အပြောင်းအလဲလုပ်နေပြီးအုပ်ချုပ်ရေးစတင်နိုင်ဖို့အတွက် ဆောင်ရွက်မှုတွေဆက်တိုက်ပြုလုပ်ကာ ကြေညာချက်တွေနေ့စဉ်ထုတ်ပြန်နေပါတယ်။



က္က