စစ်အာဏာရှင်အစိုးရကို လုံးဝအသိအမှတ်ပြုမှာမဟုတ်သလို၊ စစ်အာဏာရှင်တွေထုတ်ပြန်မယ့် ကြေညာချက်တွေ၊ လုပ်ဆောင်ချက်တွေကိုလည်း ပြည်သူတွေနဲ့ အတူ ဆန့်ကျင်တုံ့ပြန်သွားမှာဖြစ်တယ်လို့လည်း ပြောဆိုထားပါတယ်။

မြန်မာစစ်အာဏာရှင်တွေ လက်နက်အားကိုးပြီး နိုင်ငံတော်ရဲ့အချုပ်အခြာအာဏာကို အတင်းအဓမ္မလုယူသိမ်းပိုက်ထားမှုကို ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချတယ်လို့ မြန်မာနိုင်ငံအရပ်ဘက်လူမှုအဖွဲ့အစည်း ၂၅ ခုက ဒီကနေ့ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ သဘောထားထုတ်ပြန် ကြေညာလိုက်ပါတယ်။

ဒါကြောင့် စစ်အာဏာရှင်အစိုးရကို လုံးဝအသိအမှတ်ပြုမှာမဟုတ်သလို၊ စစ်အာဏာရှင်တွေထုတ်ပြန်မယ့် ကြေညာချက်တွေ၊ လုပ်ဆောင်ချက်တွေကိုလည်း ပြည်သူတွေနဲ့ အတူ ဆန့်ကျင်တုံ့ပြန်သွားမှာဖြစ်တယ်လို့လည်း ပြောဆိုထားပါတယ်။ "ကျွန်မတို့နိုင်ငံရဲ့အနေအထားကဂိမ်းလိုဖြစ်နေတယ်၊ ကျွန်မတို့နိုင်ငံရဲ့ နိုင်ငံရေးအနေအထားကပေါ့၊ ရှုံးရင်ရှုံးတဲ့သူကတေးထားတာပေါ့။ တေးထားပြီးနိုင်တဲ့အခါနိုင်တဲ့သူက ရှုံးခဲ့တဲ့ကိစ္စကို သူ့ကိုလုပ်ခဲ့တဲ့ကိစ္စကိုပြန်ပြီးတော့အနိုင်ယူတယ်။အဲ့လိုစနစ်နဲ့သွားနေတာတော်တော်ကြာခဲ့ပြီ။ပြည်သူဆန္ဒနဲ့ရွေးကောက်တင်မြောက်ပြီးအနိုင်ယူတာက လက်နက်အားကိုးပြီးအနိုင်ယူတာထက်စာရင် တော်သေးတာပေါ့။ပြည်သူကရွေးကောက်တင်မြောက်တဲ့ အစိုးရကစီမံခန့်ခွဲတာကိုပဲကျွန်မတို့ကလက်ခံမယ်။ အခုကျွန်မတို့လုပ်နေတာ ပါတီအဖွဲ့အစည်းတစ်ခုထဲ အာဏာရရေးလုပ်နေတာမဟုတ်ဘူး။ အခုနိုင်ငံရဲ့အနေအထားကိုလုပ်တာဖြစ်တယ်။"လို့ သဘောထားထုတ်ပြန်လိုက်တဲ့ အရပ်ဘက်အဖွဲ့အစည်းထဲတွေမှာ တစ်ခုအပါအဝင်ဖြစ်တဲ့ သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ်မြန်မာ STUM ရဲ့ ဒါရိုက်တာဒေါ်မျိုးမျိုးအေးကပြောပါတယ်။



ဒါကြောင့် ပြည်သူကရွေးချယ်တင်မြောက်ထားတဲ့ နိုင်ငံတော်သမ္မတဦးဝင်းမြင့်၊နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါ မတရားဖမ်းဆီးထိန်းသိမ်းထားသူတွေကို ချွက်းချက်မရှိ ချက်ခြင်းလွတ်ပေးဖို့အပါအဝင် အချက် ၄ ချက်ကို မြန်မာနိုင်ငံ အရပ်ဘက်အဖွဲ့အစည်း ၂၅ ခုက တောင်းဆိုလိုက်ပါတယ်။မြန်မာစစ်တပ်အနေနဲ့ ရွေးကောက်ပွဲရလဒ်ကိုခြွင်းချက်မရှိလက်ခံပြီး တတိယအကြိမ် လွှတ်တော်အရပ်ရပ်ခေါ်ယူကျင်းပခြင်းကို နှောက်ယှက်ဟန့်တားမှု လုံးဝမပြုလုပ်ဖို့တောင်းဆိုထားပါတယ်။

လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို လွတ်လပ်စွာရေးသားဖော်ထုတ်ခွင့်၊ လူမှုဆက်သွယ်ရေးကွန်ရက်အသုံးပြု သတင်းအချက်အလက်ရယူခွင့်တွေအပေါ် ပိတ်ပင်တားဆီးခြင်း အားလုံးကိုပါ ချက်ချင်း ရုတ်သိမ်းပေးဖို့ နဲ့ အပြစ်မဲ့ပြည်သူတွေကို မတရားဖမ်းဆီးနေမှုကိုလည်း ချက်ချင်းရပ်တန့်ပေးဖို့ တောင်းဆိုလိုက်တာပဲဖြစ်ပါတယ်။ လက်ရှိမှာတော့ အာဏာသိမ်းအစိုးရကို ဆက်လက်လည်ပတ်စေနိုင်မယ့် အစိုးရယန္တရားအားလုံးကို ရပ်တန့်သွားအောင်လုပ်ဆောင်နေပြီး အစိုးရဌာနဆိုင်ရာဝန်ထမ်းတွေကလည်း ပူးပေါင်းပါဝင်လာနေပြီဖြစ်လို့အရပ်သားအစိုးရပြန်လည်ပေါ်ပေါက်လာတဲ့အထိ လုပ်ဆောင်မယ်လို့သိရပါတယ်။

အလွတ်တန်းသတင်းထောက် ချစ်ခွန်းချိုပေးပို့သောသတင်းဖြစ်ပါသည်။ 



က္က